Sharon
အခြားအမည်: Saron
32.6300, 34.9400 Google Maps တွင် ကြည့်ရန်
Sharon ကို ဖော်ပြသော အခန်းငယ်များ
ရှာရုန် အရပ်သားရှိ တရဲသည် ရှာရုန်အရပ်၌ ကျက်စားသော နွားစုကို၎င်း၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့၌ ကျက်စားသော နွားစုကို၎င်း အုပ်ရ၏။
ကျွန်မသည် ရှာရုန်အရပ်နှင့်ဆီးပွင့်၊ ကွင်းပြင် ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ၏။
ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗ နုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ် သည် တောကဲ့သို့ ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား၏။
အလွန်ပွင့်လန်း၍ဝမ်းမြောက်ခြင်း၊ သီချင်းဆို ခြင်းနှင့် တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ် ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနု ဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။
ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။
လုဒ္ဒမြို့နှင့်ရှာရုန်မြို့၌ နေသောသူ အပေါင်း တို့သည် ထိုသူကို မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။