Sheep အကြောင်း ကျမ်းစာအခန်းငယ်များ: Milk of, used as food
Milk of, used as food အကြောင်း အခန်းငယ်များ
သိုးသငယ်ဆီဥ၊ ဗာရှန်အမျိုး၏သိုးထီး၊ ဆိတ်ထီး ဆီဥ၊ ဂျုံစပါး၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို၎င်း စို့မည်အကြောင်း စီရင်တော်မူ၍၊ သင်သည် စပျစ်သီးအသွေးစစ်ကို သောက်ရ၏။
ထိုကာလ၌ လူသည်နွားမကလေးတကောင်၊ သိုးဆိတ်နှစ်ကောင်ကိုမွေးစားလျှင်၊
သူတို့၌များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကို စားရ၏။ ပြည်၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့် ပျားရည်ကို သာစားရကြလိမ့်မည်။
အဘယ်သူသည် ကိုယ်စရိတ်ကို သုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး၍ အသီးကိုမစားဘဲနေရသနည်း။ အဘယ်သူသည် သိုးထိန်း လုပ်၍ သိုးနို့ကိုမသုံးဘဲနေရသနည်း။