Skip to content

Timnah

8 verses · 2 known names

အခြားအမည်: Timnath

31.7800, 34.9000 Google Maps တွင် ကြည့်ရန်

Timnah ကို ဖော်ပြသော အခန်းငယ်များ

  1. ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ၏။

  2. မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊

  3. မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။

  4. ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့၊ တိမနာမြို့သို့၎င်း၊

  5. တရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်လျှင်၊

  6. မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက်ဖြစ်ဘို့ရာ တောင်း၍ ပေးပါဟုဆိုသော်၊

  7. ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင်၊ ခြင်္သေ့ပျိုတကောင်သည် သူ့ကိုတွေ့၍ ဟောက်လေ၏။

  8. ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေ မက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။