Sheep အကြောင်း ကျမ်းစာအခန်းငယ်များ: Destroyed by wild beasts
Destroyed by wild beasts အကြောင်း အခန်းငယ်များ
ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။
ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသားအများတို့တွင် နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့၎င်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြ လိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နှုတ် နိုင်အောင် နင်း၍ ကိုက်စားတတ်၏။
သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ကွဲလွင့်စေ၏။