Skip to content

Tyre

52 verses · 2 known names

အခြားအမည်: Tyrus

33.2700, 35.1900 Google Maps တွင် ကြည့်ရန်

Tyre ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ်၌ဆုံးလေ၏။

  2. တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ် ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။

  3. တုရုရဲတိုက်သို့၎င်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့၎င်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရ ရှေဘမြို့၌ လက်စသတ်ကြ၏။

  4. ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေး ကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သော သူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ် လေ၏။

  5. ရှောလမုန်သည်လည်း၊ လူကိုစေလွှတ်၍ တုရုမြို့ မှ ဟိရံကို ခေါ်လေ၏။

  6. ထိုဟိရံကား၊ နဿလိအမျိုးမုတ်ဆိုးမသား ဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမား ဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန် မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။

  7. တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး၏။

  8. ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ၍ ကြည့်ရှုသောအခါ အားမရ။

  9. တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။

  10. တုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီး သည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဘို့ အာရဇ် သစ်သားကိုပေးလိုက်သည်နည်းတူ ငါ၌တဖန် ကျေးဇူးပြု ပါလော့။

  11. တုရုမင်းကြီးဟိရံသည် စာရေး၍ ရှောလမုန် ထံသို့ ပြန်ပေးလိုက်သည်ကား၊ ထာဝရဘုရားသည် မိမိ လူမျိုးကို ချစ်တော်မူသောကြောင့်၊ ကိုယ်တော်ကို သူတို့ ရှင်ဘုရင်အရာ၌ ချီးမြှောက်တော်မူပြီ။

  12. သူ့အမိကားဒန်အမျိုးသမီး၊ အဘကား တုရု အမျိုးသားဖြစ်၏။ သူသည် ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကျောက်၊ သစ်သား၊ မောင်းသောအထည်၊ ပြာသော အထည်။ နီသောအထည်၊ ပိတ်ချောကို လုပ်တတ်သော အတတ်၊ အမျိုးမျိုးထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော်၏ ဆရာသမားဆရာသမား၊ ခမည်းတော်အရှင်ဒါဝိဒ်၏ ဆရာသမား တို့နှင့် ဝိုင်းလျက်၊ လိုသမျှကို ဉာဏ်ရှာ၍ လုပ်တတ်သော သူဖြစ်၏။

  13. တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်။

  14. ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက် ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်းဖွဲ့ကြပါ၏။

  15. ငါ့ကိုသိကျွမ်းသော သူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သော ပြည်သားသည် မြို့တော်၌ ဘွားမြင်သောသူဖြစ်၏။

  16. တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။

  17. အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကို ကြားသောအခါ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်း သို့ ရောက်ကြလိမ့်မည်။

  18. တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည် သနည်း။

  19. ထိုကာလ၌ တုရုမြို့ကို၊မင်းဆက်တဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှမအောက် မေ့ရ။ အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့် မည်။

  20. အနှစ်ခုနစ်ဆယ် လွန်သောအခါ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည်။

  21. တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ် တဘက်၌ အစိုးရသောမင်းများ၊

  22. ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့။

  23. အကြောင်းမူကား၊ ဖိလိတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့၊ တုရုမြို့၊ ဇိဒုန်မြို့ကို စစ်ကူနိုင်သောသူ အကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည် ရောက်၍၊ ထာဝရဘုရားသည် ဖိလိတ္တိအမျိုးသားနှင့် ကျန် ကြွင်းသော ကတ္တောရပြည်သားတို့ကို သုတ်သင်ပယ်ရှင်း တော်မူမည်။

  24. အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံ တို့၏ တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည် ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသော ကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆိုမိသောကြောင့်၊

  25. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တဘက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတပိုး တက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင်ကိုတက်၍ တိုက်စေမည်။