Skip to content

Ophir

10 verses

22.0000, 77.0000 Google Maps တွင် ကြည့်ရန်

Ophir ကို ဖော်ပြသော အခန်းငယ်များ

  1. သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ၏။

  2. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ၏။

  3. ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကို ယူစေခြင်းငှါ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည်၏။

  4. ထိုသန့်ရှင်းသောအိမ်အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့်ကျောက်ထရံတို့ကို မွမ်းမံစရာဘို့ ငွေစင် ခုနစ်သောင်းကို ငါ၏ဘုရားသခင်အိမ်တော်အဘို့ ငါပေး၏။

  5. ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။

  6. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။

  7. ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။

  8. ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။

  9. အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမ မိဿံအဝင်ဖြစ်၍၊ လက်ျာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ၏။

  10. လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။