Skip to content

Algum အကြောင်း ကျမ်းစာအခန်းငယ်များ

5 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ၏။

  2. ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။

  3. အာရဇ်သစ်သား၊ ထင်းရူးသစ်သား၊ အာလဂုံ သစ်သားများကို လေဗနုန်တောင်မှာ ခုတ်၍ပေးလိုက်ပါ။ မင်းကြီး၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ၏။

  4. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။

  5. ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို၎င်း၊ လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ။