Skip to content

Place

12 verses · 2 known names

အခြားအမည်: house

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

Place ကို ဖော်ပြသော အခန်းငယ်များ

  1. အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော် အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။

  2. ရွှေစင်ဖြင့်ပြီးသောခွက်များ၊ မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထား သော ရွှေပတ္တာများတို့ကို လုပ်လေ၏။

  3. ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။

  4. အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာ အိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ် တည်ဆောက်ပါပြီဟု မြွက်ဆို၏။

  5. အာရုန်နှင့်သူ၏ သားစဉ်မြေးဆက်မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာ ပလ္လင်ပေါ်မှာပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကိုစောင့်လျက်၊ ဘုရားသခင်၏ ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏ အပြစ်ကို ဖြေရသော သူဖြစ်ကြ၏။

  6. အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက် ထောင်နှင့်မွမ်းမံလေ၏။

  7. အလွန်သန့်ရှင်းသော အခန်း၌ခေရုဗိမ်နှစ်ပါး ကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။

  8. ရွှေစင် ဖြင့်ပြီးသောမီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်း ခန်းတံခါးရွက်နှင့် ဗိမာန်တော် ပြင်ခန်းတံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ၏။

  9. ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။

  10. ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီ တည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။

  11. လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။

  12. ထိုသို့အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။