အကြောင်းအရာသို့ ကျော်သွားရန်

circa 970–930 BC

Solomon & The Temple

Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.

635 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်တတိယစောင် 1:26ခရစ်တော် မပေါ်မီ 1015 ခန့်

    ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ။

  2. ဓမ္မရာဇဝင်တတိယစောင် 1:27ခရစ်တော် မပေါ်မီ 1015 ခန့်

    အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင် ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။

  3. ဓမ္မရာဇဝင်တတိယစောင် 1:28ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုအခါဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။

  4. ဓမ္မရာဇဝင်တတိယစောင် 1:29ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊

  5. ဓမ္မရာဇဝင်တတိယစောင် 1:30ခရစ်တော် မပေါ်မီ 1015 ခန့်

    သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ၏။

  6. ဓမ္မရာဇဝင်တတိယစောင် 1:31ခရစ်တော် မပေါ်မီ 1015 ခန့်

    ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင် အား ရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။

  7. ဓမ္မရာဇဝင်တတိယစောင် 1:32ခရစ်တော် မပေါ်မီ 1015 ခန့်

    ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယ တို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ၏။

  8. ဓမ္မရာဇဝင်တတိယစောင် 1:33ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ ကျွန်များကို ခေါ်၍ ငါသားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။

  9. ဓမ္မရာဇဝင်တတိယစောင် 1:34ခရစ်တော် မပေါ်မီ 1015 ခန့်

    ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန် သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေး ကြော်ကြလော့။

  10. ဓမ္မရာဇဝင်တတိယစောင် 1:35ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင် ရမည်။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့် တော်မူ၏။

  11. ဓမ္မရာဇဝင်တတိယစောင် 1:36ခရစ်တော် မပေါ်မီ 1015 ခန့်

    ယောယဒသား ဗေနာယက အာမင်။ အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော။

  12. ဓမ္မရာဇဝင်တတိယစောင် 1:37ခရစ်တော် မပေါ်မီ 1015 ခန့်

    ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါ စေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။

  13. ဓမ္မရာဇဝင်တတိယစောင် 1:38ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယံဒ သားဗေနာယ၊ ခေရသိလူ၊ ပေလသိ လူတို့သည် ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွား ကြ၏။

  14. ဓမ္မရာဇဝင်တတိယစောင် 1:39ခရစ်တော် မပေါ်မီ 1015 ခန့်

    ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။

  15. ဓမ္မရာဇဝင်တတိယစောင် 1:40ခရစ်တော် မပေါ်မီ 1015 ခန့်

    လူအပေါင်းတို့သည် တီးမှုတ်လျက် နောက် တော်သို့လိုက်၍၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ၏။

  16. ဓမ္မရာဇဝင်တတိယစောင် 1:41ခရစ်တော် မပေါ်မီ 1015 ခန့်

    အဒေါနိယနှင့် သူ၏အပေါင်းအဘော်တို့သည် စားသောက်ပွဲ ပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကိုယွာဘကြားလျှင်၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ပြုသံကား၊ အဘယ်သို့နည်းဟု မေးစဉ်ပင်၊

  17. ဓမ္မရာဇဝင်တတိယစောင် 1:42ခရစ်တော် မပေါ်မီ 1015 ခန့်

    ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန် သည်လာလျှင်၊ အဒေါနိယကဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင်၊

  18. ဓမ္မရာဇဝင်တတိယစောင် 1:43ခရစ်တော် မပေါ်မီ 1015 ခန့်

    ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။

  19. ဓမ္မရာဇဝင်တတိယစောင် 1:44ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။

  20. ဓမ္မရာဇဝင်တတိယစောင် 1:45ခရစ်တော် မပေါ်မီ 1015 ခန့်

    ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန် တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာ လာပြန်၍၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။

  21. ဓမ္မရာဇဝင်တတိယစောင် 1:46ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။

  22. ဓမ္မရာဇဝင်တတိယစောင် 1:47ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှင်ဘုရင်၏ ကျွန်တို့သည်လည်း တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါ သွား၍ဘုရား သခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမ ထက်သာ၍ ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇ ပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက်၊

  23. ဓမ္မရာဇဝင်တတိယစောင် 1:48ခရစ်တော် မပေါ်မီ 1015 ခန့်

    ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှါ၊ ငါ့နန်း ပေါ်မှာ ထိုင်ရသော သူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။

  24. ဓမ္မရာဇဝင်တတိယစောင် 1:49ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုအခါ အဒေါနိယနှင့် ပေါင်းဘော်သော သူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တယောက် တခြားစီ သွားကြ၏။

  25. ဓမ္မရာဇဝင်တတိယစောင် 1:50ခရစ်တော် မပေါ်မီ 1015 ခန့်

    အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက် သဖြင့် ထသွား၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။