Skip to content

Public Prayer အကြောင်း ကျမ်းစာအခန်းငယ်များ

128 အခန်းငယ် · 21 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ့အဘို့ မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ ငါကြွလာ၍ ကောင်းကြီးပေးမည်။

  2. ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်း ပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။

  3. ယောရှုကလည်း၊ အိုအရှင် ထာဝရဘုရား၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။

  4. အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း။

  5. ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကို ဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။

  6. ထိုအခါဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။

  7. အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ကိုယ်တော်သည် အစိုးရ တော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွဋ်၊ မြင့်မြတ်တော် မူ၏။

  8. ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူး တော်ကြောင့်သာ ဖြစ်၏။ကိုယ်တော်သည် ခပ်သိမ်းသော သူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ် သော အခွင့်နှင့်ခိုင်ခံ့သော အခွင့်ကို ပေးပိုင်တော်မူ၏။

  9. သို့ဖြစ်၍ အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ၏။

  10. သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အကျွန်ုပ်နှင့်အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူဖြစ်ပါသနည်း။ ခပ်သိမ်းသောအရာတို့ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။

  11. အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသော ကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။

  12. အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏နာမအဘို့ ကိုယ်တော်၏အိမ်ကို တည် ဆောက်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ပြင်ဆင်သောဤ ဘဏ္ဍာရှိသမျှသည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အလုံး စုံတို့ကို ကိုယ်တော်ပိုင်တော်မူ၏။

  13. အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကို စစ်၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသော စိတ်ရှိသည် နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏ လူတို့သည် ကြည်ညိုသော စိတ်နှင့် ပူဇော်ကြသည်ကို မြင်၍ဝမ်းမြောက်ပါ၏။

  14. အကျွန်ုပ်တို့ ဘိုးဘေးအာဗြဟံ၊ ဣဇာက်၊ ဣသ ရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည် ဤအမှုအရာများကို၊ အစဉ်အောက်မေ့စွဲလမ်း သော စိတ်သဘောရှိမည်အကြောင်း၊ သူတို့စိတ်နှလုံး သည် ကိုယ်တော်ဘက်၌ တည်ကြည်မည်အကြောင်း ကယ်မသနားတော်မူပါ။

  15. အကျွန်ုပ်၏သားရှောလမုန်သည်လည်း ကိုယ် တော်၏ သက်သေခံချက်၊ ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်၍၊ အကျွန်ုပ် ပြင်ဆင်သော အမှုကို အကုန် အစင်ပြီးစီးစေလျက်၊ ဗိမာန်တော်ကို တည်ဆောက်နိုင် မည်အကြောင်း၊ စုံလင်သော စိတ်နှလုံးကို ပေးသနား တော်မူပါဟု၊ ပရိသတ်အပေါင်းတို့ရှေ့မှာ ထာဝရဘုရား ကို ကောင်းကြီးပေးလျက် မြွက်ဆို၏။

  16. ရှောလမုန်ကလည်း၊ ထာဝရဘုရားသည်၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကား တော်ရှိ၏။

  17. သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည် ဆောက်ပါပြီဟု မြွက်ဆို၏။

  18. တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တတ် နေကြ၏။

  19. ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။

  20. ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။

  21. ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။

  22. ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊

  23. ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့်၊ ကောင်းသောအမှုကိုပြုပြီ။

  24. သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ၏။

  25. ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိပ် အရာကိုခံရ၍၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသ ရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့ အိမ်တော်ကို တည်ဆောက်လေပြီ။