- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Bath-Sheba အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
နောက်တနေ့ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင်၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။
ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊
ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား။
ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါ ရစေ။
ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင် မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို့ဖြစ်လျှင် အဒေါ နိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက် လော့။
ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ် ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည် အတိုင်း၊
ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။
ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော် က သင်၏သား ရှောလမုန်သည်ငါ့အရာ၌ စိုးစံ၍နန်းထိုင် ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ။
ယခုမှာ အဒေါနိယသည်စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။
အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင်၊ မင်းကြီး၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။
အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏ အရာ၌စိုးစံ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
နာသန်သည်လည်း ရှေ့တော်သို့ ရောက်သော အခါ ဦးချပြပ်ဝပ်လျက်၊
အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။
သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။
ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ။
အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင် ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။
ထိုအခါဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။
ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊
သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ၏။
ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင် အား ရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။