Skip to content

Abishag

5 အခန်းငယ်

Abishag ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။

  2. ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။

  3. သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော်၊

  4. မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော်၊

  5. ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ၊