Abishag အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။
သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ။ သူသည်မင်းကြီးကို ခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော်၌ အိပ်ပါစေဟုလျှောက်ကြ၏။
ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။
ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင် ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။
ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက် လာပါ၏။
ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော်၊ မယ်တော်က ပြောပါဟု ပြန်ဆို၏။
အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို၎င်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက် ချင်သည်အကြောင်းကို၎င်း မယ်တော်သိပါ၏။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက် သို့ ရောက်ပါပြီ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ၏။
ယခုမှာ တစုံတခုသော ဆုကို မယ်တော်၌ တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြောပါဟုဆို၏။
သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော်၊
ဗာသရှေဘကကောင်းပြီ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား၏။
ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ထ၍ ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ၏။ မယ်တော်ထိုင်စရာဘို့ စီရင်၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ၏။
ထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ၏။
မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော်၊
ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ၊
တဖန်အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင်၊ ဘုရားသခင် သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း။
ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော် ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆို ပြီးမှ၊
ယောယဒသား ဗေနာယကိုစေလွှတ်၍၊ အဒေါ နိယကို သေအောင်လုပ်ကြံလေ၏။