Skip to content

Bathshua

12 အခန်းငယ် · 7 မိသားစုဝင်

အခြားအမည်: Bathsheba, Bath, Bath-shua

Bathshua ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။

  2. တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူ သည်လည်း သားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။

  3. ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား။

  4. ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။

  5. ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။

  6. ထိုအခါဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။

  7. ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင် အား ရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။

  8. ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက် လာပါ၏။

  9. ဗာသရှေဘကကောင်းပြီ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား၏။

  10. ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ထ၍ ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ၏။ မယ်တော်ထိုင်စရာဘို့ စီရင်၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ၏။

  11. ယေရုရှလင်မြို့၌မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလ သမီး ဗာသရှေဘတွင် မြင်သောသား လေးယောက်။

  12. အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်း အပြစ်ကိုဖြေတော်မူပါ။