Skip to content

Place

14 verses · 3 known names

အခြားအမည်: oracle, sanctuary

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

Place ကို ဖော်ပြသော အခန်းငယ်များ

  1. ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာန တော်၌သာထင်၍ ယနေ့တိုင်အောင် ရှိကြ၏။

  2. ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။

  3. ထမ်းဘိုးတို့ကို ဆွဲထားသဖြင့်၊ ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာန တော်၌သာ ထင်၍ယနေ့တိုင်အောင် ရှိကြ၏။

  4. ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့်၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊

  5. သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည် ဆောက်ပါပြီဟု မြွက်ဆို၏။

  6. အိုလေဝိသားတို့၊ နားထောင်ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို၎င်း၊ သန့်ရှင်းစေ၍၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့။

  7. ဗိမာန်တော်ဦးတံခါးကို ပိတ်လျက်၊ မီးခွက်တို့ကို သတ်လျက်၊ သန့်ရှင်းရာဌာန၌ ဣသရေအမျိုး၏ ဘုရား သခင်အား နံ့သာပေါင်းကို မီးမရှို့။ မီးရှို့ရာယဇ်ကို မပူဇော်ဘဲနေကြပြီ။

  8. ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့ အဆွေအမျိုးနှင့် လေဝိသား အဆွေအမျိုး အသီးအသီးနေရာရှိသည်အတိုင်း၊ သန့်ရှင်းရာဌာနတော်၌ ရပ်နေကြလော့။

  9. ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။

  10. ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊

  11. ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှု တော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တန်တိုင်သို့မထွက်ရ။ ထိုအဝတ်သန့်ရှင်းသောကြောင့် ချွတ်ထား၍အခြားသော အဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာ သို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။

  12. သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  13. ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်း ရာဌာန်တည်စရာတို့ သန့်ရှင်းသော မြေဖြစ်ရမည်။

  14. အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟုခေါ်ဝေါ်သော ပဌမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။