အကြောင်းအရာသို့ ကျော်သွားရန်

The Law of Moses အကြောင်း ကျမ်းစာအခန်းငယ်များ

65 အခန်းငယ် · 73 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။

  2. မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။

  3. ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။

  4. တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။

  5. ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။

  6. ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။

  7. မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ၏။

  8. ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့်အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့ တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည် ဟု မိန့်တော်မူ၏။

  9. လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။

  10. မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။

  11. မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာ၎င်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။

  12. တောကြီးလွင်ပြင်၊ ယော်ဒန်မြစ်နား၊ သုဖမြို့ တဘက်၊ ပါရန်မြို့၊ တောဖလမြို့၊ လာဗန်မြို့၊ ဟာဇရုတ် မြို့၊ ဒိဇဟတ်မြို့တို့အလယ်၌ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဟောပြောသောစကားများကို ပြန်ရ လေသည်မှာ၊

  13. ကာဒေရှဗာနာ အရပ်သည်၊ စိရတောင်လမ်း ဖြင့် ဟောရပ်အရပ်နှင့် ဆယ်တရက်ခရီး ကွာသတည်း။

  14. မောရှေသည် ဟေရှဘုန်မြို့၌နေသော အာမော ရိရှင်ဘုရင် ရှိဟုန်ကို၎င်း၊

  15. သင်တို့သည် မှောင်မိုက်ထဲက စကားသံကို ကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့မျိုးနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူ တို့သည် ငါ့ထံသို့ချဉ်းကပ်၍၊

  16. အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော် မူပြီ။ မီးထဲက စကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်နှုတ်ဆက်တော် မူသော်လည်း၊ လူသည် အသက်ရှင်သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ။

  17. အကျွန်ုပ်တို့သည် အဘယ်ကြောင့် ယခုသေရပါ မည်နည်း။ ဤကြီးစွာသောမီးဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံးပါလိမ့်မည်။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသော အသံတော်ကိုတဖန်ကြားရလျှင် သေရပါလိမ့်မည်။

  18. ထိုကာလအခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဘော်ပြရမည်။

  19. ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် သားတို့သည် ဘော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။

  20. သူတို့ဘော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြား ပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြ သော စီရင်ချက်မှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။

  21. မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန် ရောက်မှ၊

  22. သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။

  23. ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။

  24. ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။

  25. လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊