အကြောင်းအရာသို့ ကျော်သွားရန်

The Law of Moses အကြောင်း ကျမ်းစာအခန်းငယ်များ: At the feast of tabernacles in the sabbatical year

4 အခန်းငယ် · 73 ရှုထောင့်

"The Law of Moses" ကို ရှာဖွေရန်

At the feast of tabernacles in the sabbatical year အကြောင်း အခန်းငယ်များ

  1. မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန် ရောက်မှ၊

  2. သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။

  3. ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။

  4. ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။