အကြောင်းအရာသို့ ကျော်သွားရန်

Ezra

22 အခန်းငယ် · 2 မိသားစုဝင်

Ezra ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊

  2. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောစရာဖြစ်သော သူဧဇရသည် ဗာဗုလုန်မြို့ မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနား တော်မူ၏။

  3. အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား ၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါ၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင် ခြင်းငှါ၎င်း သဘောကျသောသူဖြစ်၏။

  4. ထာဝရဘုရား၏ပညတ်စကားနှင့် ဣသရေလ အမျိုး၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရအား၊ အာတဇေရဇ်မင်းကြီး ပေးတော်မူသော အမိန့်တော်စာချက်ဟူမူကား၊

  5. ဘုရင်တို့၏ဘုရင်အာတဇေရဇ်သည် ကောင်း ကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ၌ခပ်သိမ်းသော မင်္ဂလာဖြစ်စေ သောဟူ၍ ဤမည်သောကာလတွင် မှာလိုက်၏။

  6. ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရတောင်းသမျှ အတိုင်း၊

  7. သင်ဧဇရသည်လည်း၊ သင်၏ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရားသူကြီးများကို သင်၏ဘုရားသင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။

  8. ထိုသို့ဧဇရသည် ဘုရားသခင်၏ အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပဌနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။

  9. ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မြော်လင့်စရာ ရှိသေး၏။

  10. ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိ သား၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကား အတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။

  11. ထိုအခါ ဧဇရသည် ဘုရားသခင်၏ အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား ၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်း လေ၏။

  12. ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ် လေးစေခြင်းငှါ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြ ပြီတကား။

  13. သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေး ချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သား သော အဆွေအမျိုးသူကြီးတို့သည် ဒသမလတရက်နေ့ တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ၏။

  14. သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း၊

  15. နားထောင်နားလည်နိုင်သမျှသော ပရိသတ် ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလ ပဌမနေ့ရက်တွင်၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရသည် ဆောင်ခဲ့ ၍၊

  16. သူတို့လုပ်ကြသော တရားဟောရာသစ်သား ပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ျာဘက်၌၎င်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌၎င်း ရပ်နေကြ၏။

  17. ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ၊ ဠူအပေါင်းတို့သည် ထကြ၏။

  18. ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။

  19. လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ၊ လူများ တို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက် သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော နေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။

  20. ဒုတိယနေ့ရက်တွင်၊ အဆွေအမျိုးသူကြီးများတို့ နှင့်တကွ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိ ကျမ်းစကားကို နားလည်အံ့သောငှါ၊ ကျမ်းတတ်ဆရာ ဧဇရထံ၌ စည်းဝေးကြ၏။

  21. ထိုသူတို့သည် ယောဇဒက်သား ယောရှု၏သား ယောယကိန်လက်ထက်၊ မြို့ဝန်နေဟမိလက်ထက်၊ ကျမ်း တတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက်၌ရှိကြ၏။

  22. သူ၏ညီရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသလေ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏ လူဒါဝိဒ်၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။