Skip to content

River

16 verses · 2 known names

အခြားအမည်: Beyond the River

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

River ကို ဖော်ပြသော အခန်းငယ်များ

  1. ကြီးမြတ်သောမင်း အာသနပ္ပါးဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသော သူများနှင့်၊ မြစ်နောက် ဘက်၌နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊

  2. အာတဇေရဇ် မင်းကြီးထံသို့ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌နေသော ကိုယ်တော် ကျွန်တို့သည်၊ ဤမည်သောနေ့ ရက်ကာလတွင် လျှောက် ပါ၏။

  3. ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ကိုယ်တော်သည် မြစ်အနောက်ဘက်၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ၌ ပါသတည်း။

  4. ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့်မြို့စာရေး ရှိမရှဲမှစ၍၊ ရှမာရိမြို့၌နေသော ထိုသူတို့၏ အပေါင်း အဘော်များ၊ မြစ်အနောက်ဘက်၌နေသော အခြား သူများတို့ ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား၊

  5. ငွေတော်ကိုခွဲလျက်၊ အခွန်တော်အကောက် တော်ကိုခံလျက်၊ မြစ်အနောက်ဘက် တရှောက်လုံးကို အစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင် မြို့၌နေဘူးကြောင်းများကို သိရ၏။

  6. ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင် ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ၍၎င်း၊

  7. မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာ ဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်၊

  8. သို့ဖြစ်၍၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဘော်တည်း ဟူသော မြစ်အနောက်ဘက်၌နေသော အဖာသသက် လူတို့၊ ထွက်သွားကြ။

  9. ထိုမှတပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော် တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီးအတားမရှိစေခြင်းငှါ၊ မြစ်အနောက်ဘက်၌ ခံသောအခွန်တော်တည်း ဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက် ခြင်းထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။

  10. ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော် အတိုင်း၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာ ဗောဇနဲနှင့် သူတို့အပေါင်းအဘော်တို့သည် အလျင် အမြန်ပြုကြ၏။

  11. ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရတောင်းသမျှ အတိုင်း၊

  12. သင်ဧဇရသည်လည်း၊ သင်၏ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရားသူကြီးများကို သင်၏ဘုရားသင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။

  13. ရှင်ဘုရင် အမိန့်တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့ သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။ ဘုရားသခင်အိမ်တော်သို့ ပို့တောင်ခြင်းငှါ ယဇ်ပုရော ဟိတ်နှင့်လေဝိသားတို့သည် ခံယူကြ၏။

  14. တဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ် အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကို မဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။

  15. ထိုအခါ မြစ်အနောက်ဘက်မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကိုပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့် အတူ စေလွှတ်တော်မူသတည်း။

  16. သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏။