အကြောင်းအရာသို့ ကျော်သွားရန်

Love of Country အကြောင်း ကျမ်းစာအခန်းငယ်များ

55 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟာခလိသား နေဟမိစကားဟူမူကား၊ အာတ ဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ ခိသလုလတွင်၊ ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်၊

  2. ငါ့ညီ ဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ၍၊ ငါသည် သိမ်းသွားခြင်းကို ခံရသောယုဒလူစုထဲ က လွတ်သော သူတို့၏ အကြောင်းအရာနှင့်၊ ယေရုရှလင်မြို့၏ အကြောင်းအရာကို မေးမြန်းလျှင်၊

  3. သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။

  4. ထိုစကားကိုကြားလျှင်၊ ငါသည် ထိုင်၍ အင်တန် ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက် နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသော ပဌာနာဟူမူကား၊

  5. အိုကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရား၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော ဘုရား၊ ပညတ်တော်တို့ကို နှစ်သက်၍ ကျင့်စောင့်သော သူတို့နှင့်ဖွဲ့သော ကရုဏာပဋိညာဉ်ကို မဖျက်၊ တည်စေ တော်မူသောဘုရား၊

  6. ကိုယ်တော် ကျွန်ဣသရေလအမျိုးသားတို့အဘို့၊ ရှေ့တော်၌ နေ့ညဉ့်မပြတ် အကျွန်ုပ်ဆုတောင်း၍၊ ဣသရေလအမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဘော်ပြ၍ တောင်းပန် သော ကိုယ်တော်ကျွန်၏ ပဌနာစကားကို ကြားခြင်းငှါ၊ ယခု နားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။

  7. အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးတို့သည် ပြစ်မှားပါပြီ။ ကိုယ်တော်ကို ပြစ်မှား၍၊ အလွန်ဆိုးညစ် သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော် ကျွန်မော်ရှေ၌ ထားတော်မူသော ပညတ်တရား၊ စီရင်ထုံးဖွဲ့တော်မူချက် တို့ကို မစောင့်ဘဲနေပါပြီ။

  8. ကိုယ်တော်က၊ သင်တို့သည် လွန်ကျူးလျှင်၊ သင်တို့ကို တပါးအမျိုးသားတို့တွင် ငါကွဲပြားစေမည်။

  9. တဖန် ငါ့ထံသို့ ပြန်လာ၍၊ ငါ့ပညတ်တို့ကို ကျင့် စောင်ပြန်လျှင်၊ မိုဃ်းကောင်းကင်အောက် အဝေးဆုံး သော အရပ်သို့ နှင့်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ် က ငါသိမ်းယူ၍၊ ငါ့နာမတည်ရာဘို့ ငါရွေးချယ်သော အရပ်သို့ ဆောင်ခဲ့မည်ဟု ကိုယ်တော်ကျွန်မောရှ၌ ထားတော်မူသော ဂတိတော်ကို အောက်မေ့တော်မူပါ။

  10. ယခုမှာ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသော လက်တော်ဖြင့် ရွေးနှုတ်တော်မူသော ကိုယ်တော်ကျွန်၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ၏။

  11. အို ဘုရားရှင်၊ ကိုယ်တော် ကျွန်ပြုသော ပဌနာ စကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသော ပဌနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင် ဘုရင်၏ ဖလားတော်ကို ဖြစ်သတည်း။

  12. အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လ တွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက် လေ၏။

  13. အထက်ကတခါမျှ ရှေ့တော်၌ ညှိုးငယ်သော မျက်နှာကို မပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်း နည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊

  14. ငါသည်အလွန်ကြောက်၍၊ ရှင်ဘုရင် အသက် တော်အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်း ရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာ မညှိုး ငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊

  15. ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင် သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန်တော် ပြုစု ရမည်အကြောင်း၊

  16. ယုဒပြည်သို့ စေလွှတ်တော်မူပါစေဟု ကောင်းကင် ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီး မှ လျှောက်လေ၏။

  17. ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှ ကာလကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည် နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက် ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ် လိုက်တော်မူ၏။

  18. တဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ် အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကို မဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။

  19. ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့၎င်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဘို့၎င်း၊ သစ်ကိုပေးရမည် အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော် မူ၏။

  20. ထိုအခါ မြစ်အနောက်ဘက်မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကိုပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့် အတူ စေလွှတ်တော်မူသတည်း။

  21. ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစု ခြင်းငှါ၊ လူတယောက် လာကြောင်းကငိ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော်၊ အလွန်နှလုံးမသာရှိကြ၏။

  22. ငါသည်လည်း၊ ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေပြီးမှ၊

  23. ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညဉ့်အခါ ထ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ၊ ငါ၏ဘုရားသခင် သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတယောက်အားမျှမပြော၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမျှမပါဘဲ၊

  24. ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါး လည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊

  25. စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊