အကြောင်းအရာသို့ ကျော်သွားရန်

Sanballat

10 အခန်းငယ် · 1 မိသားစုဝင်

Sanballat ကို ဖော်ပြသော အခန်းငယ်များ

  1. ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစု ခြင်းငှါ၊ လူတယောက် လာကြောင်းကငိ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော်၊ အလွန်နှလုံးမသာရှိကြ၏။

  2. ထိုသိတင်းကို ဟောရနိလူသမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့ သည် ကြားလျှင်၊ ပြက်ယယ်ပြု၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။

  3. ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊

  4. ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊

  5. ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူ ဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ၊

  6. သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ။ ဩနောချိုင့် တွင် ခေဖိရိမ် ရွာမှာတွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကို မှာလိုက်ကြ၏။

  7. နောက်ပဉ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင် ကဲ့သို့ မိမိကျွန်ကို စေလွှတ်၍၊ ကျွန်တွင် တံဆိပ်မခတ် သောစာပါ၏။

  8. ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။

  9. အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။

  10. ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သားယောယဒ၏ သားတယောက်သည်၊ ဟောရနိလူ သမ္ဘာလတ် သမက်ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။