Skip to content

Josedech

12 အခန်းငယ် · 3 မိသားစုဝင်

အခြားအမည်: Jehozadak, Jozadak

Josedech ကို ဖော်ပြသော အခန်းငယ်များ

  1. အာဇရိသား စရာယ၊ စရာယသား ယောဇဒက် တည်း။

  2. ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရား သိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။

  3. ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗ ဗေလနှင့် သူ၏ညီအစ်ကိုများတို့သည်ထ၍ ဘုရားသခင် ၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ ပါသည် အတိုင်း၊ မီးရှို့ရာ ယဇ်တို့ကိုပူဇော်လိုသောငှါ၊ ဣသရေလ အမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကိုတည်ကြ၏။

  4. ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗ ဗေလ၊ ယောဇဒတ်သားယောရှု၊ ကျန်ကြွင်းသော ညီ အစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရ သော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည် ထ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ၏။

  5. ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်း သဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဗဒက် သား ယောရှုသည်ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏

  6. ထိုသူတို့သည် ယောဇဒက်သား ယောရှု၏သား ယောယကိန်လက်ထက်၊ မြို့ဝန်နေဟမိလက်ထက်၊ ကျမ်း တတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက်၌ရှိကြ၏။

  7. ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဌမလတရက်နေ့ တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍၊

  8. ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၎င်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎င်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။

  9. ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့်၊

  10. သင်သည် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရု ဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု မှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊

  11. သို့သော်လည်း၊ အိုဇေရုဗဗေလ၊ အားယူလော့ ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အိုပြည်သူပြည် သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။

  12. ရွှေငွေတို့ကို ယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု၏ ခေါင်းပေါ်မှာ တင်လော့။