အကြောင်းအရာသို့ ကျော်သွားရန်

circa 970–930 BC

Solomon & The Temple

Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.

635 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်တတိယစောင် 1:51ခရစ်တော် မပေါ်မီ 1015 ခန့်

    အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက်၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်၊ ရှောလမုန် မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟုဆိုကြောင်းကို ရှောလမုန် အားလျှောက်လေသော်၊

  2. ဓမ္မရာဇဝင်တတိယစောင် 1:52ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှောလမုန်က၊ သူသည်လူကောင်းဖြစ်လျှင်၊ ဆံခြည်တပင်မျှ မြေသို့မကျရ။ အပြစ်ရှိလျှင် အသေခံရ မည်ဟု အမိန့်တော်ရှိ၍၊

  3. ဓမ္မရာဇဝင်တတိယစောင် 1:53ခရစ်တော် မပေါ်မီ 1015 ခန့်

    လူကိုစေလွှတ်သဖြင့်၊ အဒေါနိယကို ယဇ်ပလ္လင် မှ ခေါ်ခဲ့သည်အတိုင်း၊ သူသည်လာ၍ ရှောလမုန်မင်းကြီး ရှေ့မှာ ဦးချလေ၏။ ရှောလမုန်ကလည်း၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ၏။

  4. ဒါဝိဒ်သည်အနိစ္စရောက်ရသော အချိန်နီးသော အခါ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူသည် ကား၊

  5. မြေကြီးသားအပေါင်းတို့၏ သွားရာလမ်းသို့ ငါသွားရမည်။ သို့ဖြစ်၍အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။

  6. ထာဝရဘုရားသည် ငါ့အားဗျာဒိတ်ပေးတော် မူသည်ကား၊

  7. သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာ လမ်းကို သတိပြုလျှင်၊ ဣသရေ လနိုင်ငံရာဇပလ္လင်ပေါ် မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော် မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌ အောင်မြင်မည်အကြောင်းသင်၏ ဘုရားသခင်ထာဝရဘုရား၏ လမ်းတော်သို့ လိုက်၍၊ မောရှေ၏ပညတ္တိကျမ်း၌ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသော စကားကို နားထောင် လော့။

  8. ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ ၏ သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်း သဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊

  9. သင်၌ပညာရှိသည်အတိုင်း စီရင်လျက်၊ ဆံပင် ဖြူသော ထိုသူ၏ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။

  10. ဂိလဒ်ပြည်သားဗာဇိလဲ၏သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌ စားသောလူစုထဲသို့ ဝင်စေ လော့။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ထံသို့ လာကြ၏။

  11. ငါသည်မဟာနိမ်မြို့သို့သွားသော နေ့၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟု ရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည်ငါ့ကိုခရီးဦးကြိုပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊

  12. ထိုသူကို အပြစ်မရှိသော သူကဲ့သို့မမှတ်ရဘဲ၊ သင်သည် လိမ္မာသော သူဖြစ်၍ သူ၌အဘယ်သို့ စီရင် သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသော ထိုသူ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ၊

  13. ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။

  14. ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံး ဆယ်သုံးနှစ် မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ၏။

  15. ဓမ္မရာဇဝင်တတိယစောင် 2:12ခရစ်တော် မပေါ်မီ 1014 ခန့်

    ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်၏ ရာဇ ပလ္လင်ပေါ်မှာ ထိုင်တော်မူ၍၊ အာဏာတော်သည် အမြဲတည်၏။

  16. ဓမ္မရာဇဝင်တတိယစောင် 2:13ခရစ်တော် မပေါ်မီ 1014 ခန့်

    ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက် လာပါ၏။

  17. ဓမ္မရာဇဝင်တတိယစောင် 2:14ခရစ်တော် မပေါ်မီ 1014 ခန့်

    ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော်၊ မယ်တော်က ပြောပါဟု ပြန်ဆို၏။

  18. ဓမ္မရာဇဝင်တတိယစောင် 2:15ခရစ်တော် မပေါ်မီ 1014 ခန့်

    အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို၎င်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက် ချင်သည်အကြောင်းကို၎င်း မယ်တော်သိပါ၏။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက် သို့ ရောက်ပါပြီ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ၏။

  19. ဓမ္မရာဇဝင်တတိယစောင် 2:16ခရစ်တော် မပေါ်မီ 1014 ခန့်

    ယခုမှာ တစုံတခုသော ဆုကို မယ်တော်၌ တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြောပါဟုဆို၏။

  20. ဓမ္မရာဇဝင်တတိယစောင် 2:17ခရစ်တော် မပေါ်မီ 1014 ခန့်

    သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော်၊

  21. ဓမ္မရာဇဝင်တတိယစောင် 2:18ခရစ်တော် မပေါ်မီ 1014 ခန့်

    ဗာသရှေဘကကောင်းပြီ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား၏။

  22. ဓမ္မရာဇဝင်တတိယစောင် 2:19ခရစ်တော် မပေါ်မီ 1014 ခန့်

    ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ထ၍ ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ၏။ မယ်တော်ထိုင်စရာဘို့ စီရင်၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ၏။

  23. ဓမ္မရာဇဝင်တတိယစောင် 2:20ခရစ်တော် မပေါ်မီ 1014 ခန့်

    ထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ၏။

  24. ဓမ္မရာဇဝင်တတိယစောင် 2:21ခရစ်တော် မပေါ်မီ 1014 ခန့်

    မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော်၊

  25. ဓမ္မရာဇဝင်တတိယစောင် 2:22ခရစ်တော် မပေါ်မီ 1014 ခန့်

    ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ၊