အကြောင်းအရာသို့ ကျော်သွားရန်

circa 970–930 BC

Solomon & The Temple

Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.

635 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်တတိယစောင် 3:2ခရစ်တော် မပေါ်မီ 1014 ခန့်

    ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။

  2. ဓမ္မရာဇဝင်တတိယစောင် 3:3ခရစ်တော် မပေါ်မီ 1014 ခန့်

    ရှောလမုန်သည် ထာဝရဘုရားကို ချစ်၍ ခမည်းတော်ဒါဝိဒ်၏စီရင်ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။

  3. ဓမ္မရာဇဝင်တတိယစောင် 3:4ခရစ်တော် မပေါ်မီ 1014 ခန့်

    တရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်း ငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင် မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။

  4. ဓမ္မရာဇဝင်တတိယစောင် 3:5ခရစ်တော် မပေါ်မီ 1014 ခန့်

    ထိုမြို့၌ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက် တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။

  5. ဓမ္မရာဇဝင်တတိယစောင် 3:6ခရစ်တော် မပေါ်မီ 1014 ခန့်

    ရှောလမုန်ကလည်း၊ ကိုယ်တော်၏ ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့် ၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။

  6. ဓမ္မရာဇဝင်တတိယစောင် 3:7ခရစ်တော် မပေါ်မီ 1014 ခန့်

    ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင် အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ။

  7. ဓမ္မရာဇဝင်တတိယစောင် 3:8ခရစ်တော် မပေါ်မီ 1014 ခန့်

    ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော်၏လူမျိုးကြီး အလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။

  8. ဓမ္မရာဇဝင်တတိယစောင် 3:9ခရစ်တော် မပေါ်မီ 1014 ခန့်

    သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော် မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက်၏။

  9. ဓမ္မရာဇဝင်တတိယစောင် 3:10ခရစ်တော် မပေါ်မီ 1014 ခန့်

    ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာ စကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။

  10. ဓမ္မရာဇဝင်တတိယစောင် 3:11ခရစ်တော် မပေါ်မီ 1014 ခန့်

    ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကို မတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူ တို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဉာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့်၊

  11. ဓမ္မရာဇဝင်တတိယစောင် 3:12ခရစ်တော် မပေါ်မီ 1014 ခန့်

    သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။

  12. ဓမ္မရာဇဝင်တတိယစောင် 3:13ခရစ်တော် မပေါ်မီ 1014 ခန့်

    ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက် ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ၊ သင်မတောင်းသော ဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။

  13. ဓမ္မရာဇဝင်တတိယစောင် 3:14ခရစ်တော် မပေါ်မီ 1014 ခန့်

    သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့ လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက် လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။

  14. ဓမ္မရာဇဝင်တတိယစောင် 3:15ခရစ်တော် မပေါ်မီ 1014 ခန့်

    ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။

  15. ဓမ္မရာဇဝင်တတိယစောင် 3:16ခရစ်တော် မပေါ်မီ 1014 ခန့်

    ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊

  16. ဓမ္မရာဇဝင်တတိယစောင် 3:17ခရစ်တော် မပေါ်မီ 1014 ခန့်

    မိန်းမတယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။

  17. ဓမ္မရာဇဝင်တတိယစောင် 3:18ခရစ်တော် မပေါ်မီ 1014 ခန့်

    သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှ မရှိ။ သူနှင့်ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။

  18. ဓမ္မရာဇဝင်တတိယစောင် 3:19ခရစ်တော် မပေါ်မီ 1014 ခန့်

    ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ၍ အိပ်မိသောကြောင့် သားငယ်သေပါ၏။

  19. ဓမ္မရာဇဝင်တတိယစောင် 3:20ခရစ်တော် မပေါ်မီ 1014 ခန့်

    သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ် ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။

  20. ဓမ္မရာဇဝင်တတိယစောင် 3:21ခရစ်တော် မပေါ်မီ 1014 ခန့်

    နံနက်အချိန်၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက် ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဘွားမြင်သော သားမဟုတ်ပါဟုလျှောက်၏။

  21. ဓမ္မရာဇဝင်တတိယစောင် 3:22ခရစ်တော် မပေါ်မီ 1014 ခန့်

    အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ် သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သား ဖြစ်၏ဟုဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊

  22. ဓမ္မရာဇဝင်တတိယစောင် 3:23ခရစ်တော် မပေါ်မီ 1014 ခန့်

    ရှင်ဘုရင်က၊ မိန်းမတယောက်က အသက်ရှင် သော သူငယ်သည် ငါ့သား၊ သေသော သူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တယောက်ကထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ်၍၊

  23. ဓမ္မရာဇဝင်တတိယစောင် 3:24ခရစ်တော် မပေါ်မီ 1014 ခန့်

    ထားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း၊ ထားကို ရှေ့တော်သို့ ယူခဲ့ကြ၏။

  24. ဓမ္မရာဇဝင်တတိယစောင် 3:25ခရစ်တော် မပေါ်မီ 1014 ခန့်

    ရှင်ဘုရင်ကလည်း၊ အသက်ရှင်သော သူငယ်ကို ခွဲ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု မိန့်တော်မူသော်၊

  25. ဓမ္မရာဇဝင်တတိယစောင် 3:26ခရစ်တော် မပေါ်မီ 1014 ခန့်

    အသက်ရှင်သောသူငယ်၏ အမိသည် မိမိသား ကို အလွန်သနား၍၊ အိုအရှင်၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့်။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါမပိုင်စေနှင့်။ သင်လည်း မပိုင်စေနှင့်။ ခွဲပါလေစေဟုဆို၏။