- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 970–930 BC
Solomon & The Temple
Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်တတိယစောင် 3:27ခရစ်တော် မပေါ်မီ 1014 ခန့်
ထိုအခါရှင်ဘုရင်က၊ အသက်ရှင်သော သူငယ် ကို မသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။
- ဓမ္မရာဇဝင်တတိယစောင် 3:28ခရစ်တော် မပေါ်မီ 1014 ခန့်
ထိုသို့ရှင်ဘုရင်စီရင်တော်မူသည် အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသော အခါ၊ တရားစီရင်စေခြင်းငှါ ဘုရားသခင်ပေးတော်မူ သော ဉာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 4:1ခရစ်တော် မပေါ်မီ 1014 ခန့်
ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။
- ဓမ္မရာဇဝင်တတိယစောင် 4:2ခရစ်တော် မပေါ်မီ 1014 ခန့်
မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊
- ဓမ္မရာဇဝင်တတိယစောင် 4:3ခရစ်တော် မပေါ်မီ 1014 ခန့်
ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
- ဓမ္မရာဇဝင်တတိယစောင် 4:4ခရစ်တော် မပေါ်မီ 1014 ခန့်
ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
- ဓမ္မရာဇဝင်တတိယစောင် 4:5ခရစ်တော် မပေါ်မီ 1014 ခန့်
နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။
- ဓမ္မရာဇဝင်တတိယစောင် 4:6ခရစ်တော် မပေါ်မီ 1014 ခန့်
အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
- ဓမ္မရာဇဝင်တတိယစောင် 4:7ခရစ်တော် မပေါ်မီ 1014 ခန့်
ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 4:8ခရစ်တော် မပေါ်မီ 1014 ခန့်
သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
- ဓမ္မရာဇဝင်တတိယစောင် 4:9ခရစ်တော် မပေါ်မီ 1014 ခန့်
မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
- ဓမ္မရာဇဝင်တတိယစောင် 4:10ခရစ်တော် မပေါ်မီ 1014 ခန့်
စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊
- ဓမ္မရာဇဝင်တတိယစောင် 4:11ခရစ်တော် မပေါ်မီ 1014 ခန့်
ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊
- ဓမ္မရာဇဝင်တတိယစောင် 4:12ခရစ်တော် မပေါ်မီ 1014 ခန့်
တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊
- ဓမ္မရာဇဝင်တတိယစောင် 4:13ခရစ်တော် မပေါ်မီ 1014 ခန့်
ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
- ဓမ္မရာဇဝင်တတိယစောင် 4:14ခရစ်တော် မပေါ်မီ 1014 ခန့်
မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
- ဓမ္မရာဇဝင်တတိယစောင် 4:15ခရစ်တော် မပေါ်မီ 1014 ခန့်
နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊
- ဓမ္မရာဇဝင်တတိယစောင် 4:16ခရစ်တော် မပေါ်မီ 1014 ခန့်
အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊
- ဓမ္မရာဇဝင်တတိယစောင် 4:17ခရစ်တော် မပေါ်မီ 1014 ခန့်
ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
- ဓမ္မရာဇဝင်တတိယစောင် 4:18ခရစ်တော် မပေါ်မီ 1014 ခန့်
ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
- ဓမ္မရာဇဝင်တတိယစောင် 4:19ခရစ်တော် မပေါ်မီ 1014 ခန့်
အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။
- ဓမ္မရာဇဝင်တတိယစောင် 4:20ခရစ်တော် မပေါ်မီ 1014 ခန့်
ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 4:21ခရစ်တော် မပေါ်မီ 1014 ခန့်
ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 4:22ခရစ်တော် မပေါ်မီ 1014 ခန့်
တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာ ဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယော မုန့်ညက်ကောရခြောက်ဆယ်၊
- ဓမ္မရာဇဝင်တတိယစောင် 4:23ခရစ်တော် မပေါ်မီ 1014 ခန့်
ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။