- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 970–930 BC
Solomon & The Temple
Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်တတိယစောင် 5:15ခရစ်တော် မပေါ်မီ 1014 ခန့်
ထမ်းရွက်သောသူခုနစ်သောင်း၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သောသူရှစ်သောင်းတို့ကိုလည်း စေခိုင်းတော် မူ၍၊
- ဓမ္မရာဇဝင်တတိယစောင် 5:16ခရစ်တော် မပေါ်မီ 1014 ခန့်
အုပ်ချုပ်သောမင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။
- ဓမ္မရာဇဝင်တတိယစောင် 5:17ခရစ်တော် မပေါ်မီ 1014 ခန့်
ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဘို့ ကြီးသောကျောက်၊ အဘိုးထိုက်သော ကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 5:18ခရစ်တော် မပေါ်မီ 1014 ခန့်
ထိုသို့ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:1ခရစ်တော် မပေါ်မီ 1011 ခန့်
ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:2ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုအိမ်တော်အလျားသည် အတောင်ခြောက် ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ် ရှိ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:3ခရစ်တော် မပေါ်မီ 1011 ခန့်
အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ၍အလျား အတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:4ခရစ်တော် မပေါ်မီ 1011 ခန့်
အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်း ပေါက်တို့ကို လုပ်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:5ခရစ်တော် မပေါ်မီ 1011 ခန့်
အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:6ခရစ်တော် မပေါ်မီ 1011 ခန့်
အောက်အခန်းသည် အနံငါးတောင်၊ အလယ် အခန်း အနံခြောက်တောင်၊ အထက်အခန်းအနံခုနစ် တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။
- ဓမ္မရာဇဝင်တတိယစောင် 6:7ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့် လုပ်သော အသံမမြည်ရ။
- ဓမ္မရာဇဝင်တတိယစောင် 6:8ခရစ်တော် မပေါ်မီ 1011 ခန့်
အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ျာဘက်မှာရှိ၏။ လိမ်သော လှေကားဖြင့် အလယ်အခန်းသို့၎င်း၊ အလယ်အခန်းမှ အထက်အခန်း သို့၎င်း၊ တက်ရ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:9ခရစ်တော် မပေါ်မီ 1011 ခန့်
အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:10ခရစ်တော် မပေါ်မီ 1011 ခန့်
ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည်အိမ်တော်ကိုမှီလျက် ရှိကြ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:11ခရစ်တော် မပေါ်မီ 1011 ခန့်
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား၊
- ဓမ္မရာဇဝင်တတိယစောင် 6:12ခရစ်တော် မပေါ်မီ 1011 ခန့်
ယခုတည်ဆောက်သောအိမ်တော်အရာမှာ၊ သင်သည် ငါသွန်သင်သော လမ်းသို့ လိုက်လျက်၊ ငါစီရင် ချက်အတိုင်းစီရင်၍၊ ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင်၊ သင်၏အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင်၌ငါပြုမည်။
- ဓမ္မရာဇဝင်တတိယစောင် 6:13ခရစ်တော် မပေါ်မီ 1011 ခန့်
ငါ၏လူဣသရလအမျိုးကို ငါမစွန့်။ သူတို့ အလယ်၌ နေမည်ဟု မိန့်တော်မူ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:14ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုသို့ရှောလမုန်သည် အိမ်တော်ကို တည်၍ ပြီးလေ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:15ခရစ်တော် မပေါ်မီ 1011 ခန့်
ကြမ်းမှသည်အမိုးတိုင်အောင်အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသော ထင်းရူးပျဉ်ပြားဖြင့် ပြီးစေ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:16ခရစ်တော် မပေါ်မီ 1011 ခန့်
အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော် အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:17ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော် အလျားသည် အတောင်လေးဆယ်ရှိ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:18ခရစ်တော် မပေါ်မီ 1011 ခန့်
အိမ်တော်အတွင်း၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့်အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက်မပေါ်စေခြင်းငှါ အာရဇ်သား နှင့်ဖုံးအုပ်လျက် သာရှိ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:19ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုသို့ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော် ကို ပြင်ဆင်လေ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:20ခရစ်တော် မပေါ်မီ 1011 ခန့်
ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကို၎င်း၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကို၎င်း၊ ရွှေစင်နှင့် မွမ်းမံလေ၏။
- ဓမ္မရာဇဝင်တတိယစောင် 6:21ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုသို့အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေနှင့်မွမ်းမံလေ၏။