- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တောလည်ရာကျမ်း 3:38ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
- တောလည်ရာကျမ်း 3:39ခရစ်တော် မပေါ်မီ 1490 ခန့်
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
- တောလည်ရာကျမ်း 3:40ခရစ်တော် မပေါ်မီ 1490 ခန့်
တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။
- တောလည်ရာကျမ်း 3:41ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊
- တောလည်ရာကျမ်း 3:42ခရစ်တော် မပေါ်မီ 1490 ခန့်
မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊
- တောလည်ရာကျမ်း 3:43ခရစ်တော် မပေါ်မီ 1490 ခန့်
အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။
- တောလည်ရာကျမ်း 3:44ခရစ်တော် မပေါ်မီ 1490 ခန့်
တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
- တောလည်ရာကျမ်း 3:45ခရစ်တော် မပေါ်မီ 1490 ခန့်
ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
- တောလည်ရာကျမ်း 3:46ခရစ်တော် မပေါ်မီ 1490 ခန့်
လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊
- တောလည်ရာကျမ်း 3:47ခရစ်တော် မပေါ်မီ 1490 ခန့်
အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
- တောလည်ရာကျမ်း 3:48ခရစ်တော် မပေါ်မီ 1490 ခန့်
ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊
- တောလည်ရာကျမ်း 3:49ခရစ်တော် မပေါ်မီ 1490 ခန့်
လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊
- တောလည်ရာကျမ်း 3:50ခရစ်တော် မပေါ်မီ 1490 ခန့်
မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊
- တောလည်ရာကျမ်း 3:51ခရစ်တော် မပေါ်မီ 1490 ခန့်
ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။
- တောလည်ရာကျမ်း 4:1ခရစ်တော် မပေါ်မီ 1490 ခန့်
တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
- တောလည်ရာကျမ်း 4:2ခရစ်တော် မပေါ်မီ 1490 ခန့်
လေဝိအမျိုး၊ ကောဟတ်အနွှယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊
- တောလည်ရာကျမ်း 4:3ခရစ်တော် မပေါ်မီ 1490 ခန့်
အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
- တောလည်ရာကျမ်း 4:4ခရစ်တော် မပေါ်မီ 1490 ခန့်
အလွန်သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ စောင့်ရှောက်ရသော အမှုဟုမူကား၊
- တောလည်ရာကျမ်း 4:5ခရစ်တော် မပေါ်မီ 1490 ခန့်
တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည် လာ၍၊ အတွင်းကုလားကာကို ချပြီးလျှင်၊ သက်သေခံချက် သေတ္တာကို အုပ်ရမည်။
- တောလည်ရာကျမ်း 4:6ခရစ်တော် မပေါ်မီ 1490 ခန့်
ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။
- တောလည်ရာကျမ်း 4:7ခရစ်တော် မပေါ်မီ 1490 ခန့်
ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသော မုန့်ကို တင်ပြီးမှ၊
- တောလည်ရာကျမ်း 4:8ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန် တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။
- တောလည်ရာကျမ်း 4:9ခရစ်တော် မပေါ်မီ 1490 ခန့်
မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာ ခွက်၊ ဆီအိုး အစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊
- တောလည်ရာကျမ်း 4:10ခရစ်တော် မပေါ်မီ 1490 ခန့်
ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ် ထဲ၌ သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။
- တောလည်ရာကျမ်း 4:11ခရစ်တော် မပေါ်မီ 1490 ခန့်
ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။