အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 4:12ခရစ်တော် မပေါ်မီ 1490 ခန့်

    သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။

  2. တောလည်ရာကျမ်း 4:13ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊

  3. တောလည်ရာကျမ်း 4:14ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူးရွင်း ပြား၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည်။

  4. တောလည်ရာကျမ်း 4:15ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့ တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟယ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ၊ ဤရှေ့ကား ပရိသတ် စည်းဝေးရာ တဲတော်၌ ကောဟတ်သားများ ဆောင်ရွက် ရသော အမှုပေတည်း။

  5. တောလည်ရာကျမ်း 4:16ခရစ်တော် မပေါ်မီ 1490 ခန့်

    ယစ်ပုရောဟိတ် အာရုန်သား ဧလာဇာ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာ နံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ လိမ်းရန်ဆီ အစရှိသော တဲတော် နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာန တော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။

  6. တောလည်ရာကျမ်း 4:17ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊

  7. တောလည်ရာကျမ်း 4:18ခရစ်တော် မပေါ်မီ 1490 ခန့်

    ကောဟတ် အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။

  8. တောလည်ရာကျမ်း 4:19ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည် ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည်။

  9. တောလည်ရာကျမ်း 4:20ခရစ်တော် မပေါ်မီ 1490 ခန့်

    သို့ရာတွင် သန့်ရှင်းသောအရာတို့ကို ဖုံးအုပ်စဉ်အခါ ကောဟိတ် သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ အထဲ သို့ဝင်၍ မကြည့်ရဟု မိန့်တော်မူ၏။

  10. တောလည်ရာကျမ်း 4:21ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  11. တောလည်ရာကျမ်း 4:22ခရစ်တော် မပေါ်မီ 1490 ခန့်

    ဂေရရှုန် အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

  12. တောလည်ရာကျမ်း 4:23ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်းခြင်းငှါ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘေးအဆွေအမျိုး အလိုက် စာရင်းယူလော့။

  13. တောလည်ရာကျမ်း 4:24ခရစ်တော် မပေါ်မီ 1490 ခန့်

    ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသော အမှု၊ ထမ်းရသောဝန်ဟူမူကား၊

  14. တောလည်ရာကျမ်း 4:25ခရစ်တော် မပေါ်မီ 1490 ခန့်

    အတွင်းတဲတော် ကုလားကာ၊ ပရိသတ်စည်း ဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသား ရေအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တာဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေး ရာ တဲတော်တံခါးဝ၌ ကာသောကုလားကာ၊

  15. တောလည်ရာကျမ်း 4:26ခရစ်တော် မပေါ်မီ 1490 ခန့်

    တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်းကုလား ကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိ သည်တို့ကို၎င်း၊ ထိုအရာများနှင့် ဆိုင်၍ အမှုတော်ထမ်း ရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ရကြမည်။

  16. တောလည်ရာကျမ်း 4:27ခရစ်တော် မပေါ်မီ 1490 ခန့်

    ဂေရရှုန်သားများ အမှုစောင့်လေရာရာ၊ ဝန် ထမ်းလေရာရာ၌၊ အာရုန်နှင့် သူ၏သားတို့ ခွဲခန့်စီရင် သည်အတိုင်း ဆောင်ရွက်ရကြမည်။

  17. တောလည်ရာကျမ်း 4:28ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန်၏ သားဣသမာ သည် သူတို့ကိုအုပ်ရမည်။

  18. တောလည်ရာကျမ်း 4:29ခရစ်တော် မပေါ်မီ 1490 ခန့်

    မေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ် လွန်၍ ငါးဆယ်မမှီ၊

  19. တောလည်ရာကျမ်း 4:30ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့။

  20. တောလည်ရာကျမ်း 4:31ခရစ်တော် မပေါ်မီ 1490 ခန့်

    သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော် ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊

  21. တောလည်ရာကျမ်း 4:32ခရစ်တော် မပေါ်မီ 1490 ခန့်

    ဝင်းတိုင်၊ ခြေစွပ် တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိ သမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သော တန်ဆာတို့ကို အမည်မှတ်၍ ရေတွက်ရမည်။

  22. တောလည်ရာကျမ်း 4:33ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏ သားဣ သမာအုပ်၍ ပရိသတ်အစည်းဝေးရာ တဲတော်၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။

  23. တောလည်ရာကျမ်း 4:34ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေနှင့် အာရုန်အစရှိသော ပရိသတ်သူ ကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ၊

  24. တောလည်ရာကျမ်း 4:35ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊

  25. တောလည်ရာကျမ်း 4:36ခရစ်တော် မပေါ်မီ 1490 ခန့်

    ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသ တည်း။