အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 4:37ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထား တော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရ သော ကောဟတ်အဆွေအမျိုးသားပေတည်း။

  2. တောလည်ရာကျမ်း 4:38ခရစ်တော် မပေါ်မီ 1490 ခန့်

    ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

  3. တောလည်ရာကျမ်း 4:39ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊

  4. တောလည်ရာကျမ်း 4:40ခရစ်တော် မပေါ်မီ 1490 ခန့်

    အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား နှစ်ထောင်ခြောက်ရာ သုံးဆယ် ရှိ သတည်း။

  5. တောလည်ရာကျမ်း 4:41ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ မောရှေနှင့်အာရုန်သည် ရေတွက်၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း။

  6. တောလည်ရာကျမ်း 4:42ခရစ်တော် မပေါ်မီ 1490 ခန့်

    မေရာရိသားတို့တင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

  7. တောလည်ရာကျမ်း 4:43ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍

  8. တောလည်ရာကျမ်း 4:44ခရစ်တော် မပေါ်မီ 1490 ခန့်

    စာရင်းသွင်းသော လူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း။

  9. တောလည်ရာကျမ်း 4:45ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း။

  10. တောလည်ရာကျမ်း 4:46ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုသို့နှင့် အညီ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊

  11. တောလည်ရာကျမ်း 4:47ခရစ်တော် မပေါ်မီ 1490 ခန့်

    ပရိသတ်စည်းဝေးရာ တဲတော အမှုတော်ကို စောင့်၍ ဝန်များကို ထမ်းခြင်းငှါ ဝင်သော သူအပေါင်းတို့ကို၊

  12. တောလည်ရာကျမ်း 4:48ခရစ်တော် မပေါ်မီ 1490 ခန့်

    ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုး သူကြီးတို့သည် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း။

  13. တောလည်ရာကျမ်း 4:49ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောမှု အသီး အသီးထမ်းရသော ဝန်တို့ကို ထောက်၍မရ၊ မောရှေ ရေတွက်သတည်း။

  14. တောလည်ရာကျမ်း 5:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  15. တောလည်ရာကျမ်း 5:2ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှါ၊

  16. တောလည်ရာကျမ်း 5:3ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာ စွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာ နေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု

  17. တောလည်ရာကျမ်း 5:4ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေအား မိန့်တော်မူသည်အတိုင်း ဣသ ရေလအမျိုးသားတို့သည် ပြုကြ၏။

  18. တောလည်ရာကျမ်း 5:5ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  19. တောလည်ရာကျမ်း 5:6ခရစ်တော် မပေါ်မီ 1490 ခန့်

    လူပြုတတ်သော ဒုစရိုက်ကိုပြု၍၊ ထာဝရဘုရား ကို ပြစ်မှားသဖြင့် အပြစ်ရောက်သော ယောက်ျားမိန်းမ သည်၊

  20. တောလည်ရာကျမ်း 5:7ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအပြစ်ကို ဘော်ပြ၍ တောင်းပန်ရမည်။ ပြစ် မှားသောအတွက်၊ ငါးစုတစုကိုထပ်၍ ပြစ်မှားခံသော သူအားပေးရမည်။

  21. တောလည်ရာကျမ်း 5:8ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရ ဘုရားအားပူဇော်ရမည်။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကို ပူဇော်ရမည်။

  22. တောလည်ရာကျမ်း 5:9ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသား ပူဇော်၍ သန့်ရှင်းသောအရာရှိသမျှတို့သည်၊ ယဇ်ပုရော ဟိတ်၏ဥစ္စာ ဖြစ်ရမည်။

  23. တောလည်ရာကျမ်း 5:10ခရစ်တော် မပေါ်မီ 1490 ခန့်

    လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူ သမျှတို့သည်လည်း ယဇ်ပုရောဟိတ်အား လှူသမျှတို့ သည်လည်း ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ၏။

  24. တောလည်ရာကျမ်း 5:11ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်မောရှေအားထာဝရဘုရားက သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  25. တောလည်ရာကျမ်း 5:12ခရစ်တော် မပေါ်မီ 1490 ခန့်

    လင်ရှိသော မိန်းမသည် အခြားတပါးသော ယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်၎င်း၊