Skip to content

Golan

4 verses

32.8000, 35.9300 Google Maps တွင် ကြည့်ရန်

Golan ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုမြို့တို့၏ အမည်ကား၊ ရုဗင်အမျိုးသား နေရာတောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုး သားနေရာ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေအမျိုး သားနေရာ ဗာရှန်ပြည် ၌ ဂေါလန်မြို့တည်း။

  2. ယော်ဒန်မြစ်တဘက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေးထားကြ၏။

  3. လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊

  4. ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲ က ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ် မြို့နှင့် မြို့နယ်တို့ကို၎င်း၊