အကြောင်းအရာသို့ ကျော်သွားရန်

The Levites အကြောင်း ကျမ်းစာအခန်းငယ်များ

255 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဧဖရိမ်တံခါး၊ ဟောင်းသောတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုး၊ မေအာပြအိုးအထက်မှစ၍ သိုးတံခါး တိုင်အောင် လိုက်သဖြင့်၊ ထောင်တံခါးဝတွင် ရပ်နေ ကြ၏။

  2. တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင် ရပ်၍၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ၊

  3. တံပိုးကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိ နှင့်တကွ၊

  4. မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟ နန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့်၍ ဆိုကြ၏။

  5. ထိုနေ့၌ များစွာသော ယဇ်တို့ကို ပူဇော်ကြ၏။ အလွန် ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော် မူသောကြောင့်၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကို ပြု၍ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသောအရပ်၌ ကြားရကြ၏။