အကြောင်းအရာသို့ ကျော်သွားရန်

The Levites အကြောင်း ကျမ်းစာအခန်းငယ်များ

255 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နှစ်ကျိပ်လေးယောက်မြောက်သောသူ ရောမန္တ ဇာ၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။

  2. တစုသည် နန်းတော်ကို စောင့်ရမည်။ တစု သည် သုရတံခါးကို စောင့်ရမည်။ လူအပေါင်းတို့သည် ဗိမာန်တော်တန်တိုင်းတို့အတွင်း၌ နေရကြမည်။

  3. ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည်သန့်ရှင်းသောကြောင့် ဝင်ရကြ မည်။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရား ဘက်၌စောင့်နေရကြမည်။

  4. လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက်၊ ကိုယ် တော်မြတ်ကို ဝိုင်း၍ အိမ်တော်ထဲသို့ ဝင်သမျှသော သူတို့ကို သတ်ရမည်။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။

  5. ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊

  6. လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။

  7. ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော် အုပ်အာဇရိစီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။

  8. အရှေ့တံခါးမှူး၊ လေဝိသားဣမနသားကောရ သည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။

  9. ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သော ညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။

  10. သင်းဖွဲ့သည်အတိုင်း၊ ဗိမာန်တော်သို့ဝင်၍ အမှု တော်ကိုစောင့်သောသူ၊ စာရင်းဝင်သည်အတိုင်း၊ အသက် သုံးနှစ်လွန်သော ယောက်ျားအ ပေါင်းတို့အား၎င်း၊

  11. အဆွေအမျိုးအလိုက် စာရင်းဝင်၍၊ အသက် နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော် စောင့်သော ယဇ်ပုရောဟိတ်လေဝိသားတို့ အား၎င်း၊

  12. သစ္စာစောင့်၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့၏သားမယားသူငယ်မှစ၍၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အား၎င်း၊ နေ့ရက်အစဉ် အတိုင်းပေးဝေရကြ၏။

  13. ထိုအတူ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန်သား ယဇ်ပုရောဟိတ် ယောက်ျား၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အား လည်း ပေးဝေရကြ၏။

  14. ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသော အခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့် တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာ ပြုအံ့သောငှါ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။

  15. ဓမ္မသီချင်းကို ဆိုတတ်သောအမျိုးသားတို့သည်၊

  16. ယေရုရှလင်မြို့ပတ်ဝန်းကျင်ရွာတို့၌ နေရာကျ လျက်ရှိ၍၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်၊ လွင်ပြင်အရပ် များ၊ နေတောဖာသိရွာများ၊ ဂိလဂါလမြို့နယ်၊ ဂေဗနှင့် အာဇမာဝက်ကျေးလက်ထဲက လာ၍ စည်းဝေးကြ၏။

  17. ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း၊ ကိုယ်ကို၎င်း၊ လူများ၊ မြို့တံခါး၊ မြို့ရိုးကို၎င်း စင်ကြယ်စေ ကြ၏။

  18. ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ်၍၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစုကားလက်ျာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုး ပေါ်မှာ ရှောက်သွားကြ၏။

  19. သူတို့နောက်မှာ ဟောရှာယနှင့် ယုဒမင်း တဝက်၊

  20. အာဇရိ၊ ဧဇရ၊ မေရှုလံ၊

  21. ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယ၊ ယေရမိ၊

  22. တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့၊ အာသပ်၊ ဇက္ကုရ၊ မိက္ခာယ၊ မဿနိ၊ ရှေမာယ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော၊

  23. သူ၏ညီရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသလေ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏ လူဒါဝိဒ်၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။

  24. သူတို့တဘက်တချက်၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။

  25. သီချင်းသည် တစုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါနှင့်တဝက် သောလူများတို့သည် မြို့ရိုးပေါ်၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ၏။