အကြောင်းအရာသို့ ကျော်သွားရန်

The Levites အကြောင်း ကျမ်းစာအခန်းငယ်များ

255 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသို့ တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟယ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ၊ ဤရှေ့ကား ပရိသတ် စည်းဝေးရာ တဲတော်၌ ကောဟတ်သားများ ဆောင်ရွက် ရသော အမှုပေတည်း။

  2. ယစ်ပုရောဟိတ် အာရုန်သား ဧလာဇာ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာ နံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ လိမ်းရန်ဆီ အစရှိသော တဲတော် နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာန တော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။

  3. တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊

  4. ကောဟတ် အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။

  5. သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည် ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည်။

  6. သို့ရာတွင် သန့်ရှင်းသောအရာတို့ကို ဖုံးအုပ်စဉ်အခါ ကောဟိတ် သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ အထဲ သို့ဝင်၍ မကြည့်ရဟု မိန့်တော်မူ၏။

  7. တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  8. ဂေရရှုန် အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

  9. ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်းခြင်းငှါ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘေးအဆွေအမျိုး အလိုက် စာရင်းယူလော့။

  10. ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသော အမှု၊ ထမ်းရသောဝန်ဟူမူကား၊

  11. အတွင်းတဲတော် ကုလားကာ၊ ပရိသတ်စည်း ဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသား ရေအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တာဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေး ရာ တဲတော်တံခါးဝ၌ ကာသောကုလားကာ၊

  12. တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်းကုလား ကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိ သည်တို့ကို၎င်း၊ ထိုအရာများနှင့် ဆိုင်၍ အမှုတော်ထမ်း ရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ရကြမည်။

  13. ဂေရရှုန်သားများ အမှုစောင့်လေရာရာ၊ ဝန် ထမ်းလေရာရာ၌၊ အာရုန်နှင့် သူ၏သားတို့ ခွဲခန့်စီရင် သည်အတိုင်း ဆောင်ရွက်ရကြမည်။

  14. ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန်၏ သားဣသမာ သည် သူတို့ကိုအုပ်ရမည်။

  15. မေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ် လွန်၍ ငါးဆယ်မမှီ၊

  16. ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့။

  17. သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော် ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊

  18. ဝင်းတိုင်၊ ခြေစွပ် တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိ သမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သော တန်ဆာတို့ကို အမည်မှတ်၍ ရေတွက်ရမည်။

  19. ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏ သားဣ သမာအုပ်၍ ပရိသတ်အစည်းဝေးရာ တဲတော်၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။

  20. မောရှေနှင့် အာရုန်အစရှိသော ပရိသတ်သူ ကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ၊

  21. ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊

  22. ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသ တည်း။

  23. ဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထား တော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရ သော ကောဟတ်အဆွေအမျိုးသားပေတည်း။

  24. ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊

  25. ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊