Skip to content

Ai

31 verses · 2 known names

အခြားအမည်: Hai

31.9100, 35.2600 Google Maps တွင် ကြည့်ရန်

Ai ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသော တောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌာနပြု၏။

  2. တဖန်တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်က တဲကိုဆောက်၍၊

  3. ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊

  4. ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက် သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ၊

  5. လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ၏။

  6. အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ၏။

  7. တဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲ အပေါင်းတို့ကို ခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣ မင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ ငါအပ်မည်။

  8. ယေရိခေါမြို့နှင့် မင်းကြီးအား ပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဘို့ သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကို ထားရမည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊

  9. ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ ကို တိုက်ခြင်းငှါ ထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညဉ့်အခါစေလွှတ် လျက်၊

  10. ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှါ သွား၍၊ ဗေသလမြို့နှင့် အာဣမြို့ စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာ နေကြ၏။ ယောရှုသည် ထိုညဉ့်တွင် လူများထဲမှာနေသေး၏။

  11. နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့ သို့ အဦးချီသွားလေ၏။

  12. ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည် လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ၏။

  13. တဖန် အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလ မြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှါ လူငါးထောင်ခန့်မျှ ထားလေ၏။

  14. ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည် မြင် လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင် အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှါ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက် မှာ ကင်းတပ်ရှိမှန်းကို မသိ။

  15. သူတို့ကို လိုက်ခြင်းငှါ၊ အာဣမင်းကြီးသည် မြို့၌ ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့ သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ၏။

  16. ဣသရေလအမျိုးသားတို့ကို မလိုက်ဘဲ၊ အာဣ မြို့နှင့် ဗေသလမြို့၌ ယောက်ျားတယောက်မျှ မနေ၊ မြို့ကို လှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက် ကြ၏။

  17. ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ် မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှု သည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။

  18. အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကို လောင်သော မီး၏အခိုးသည် မိုဃ်းကောင်းကင်သို့ တက် လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည် လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။

  19. ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌ မီးခိုး တက်လျက် ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည် မြင်လျှင်၊ တဖန် ပြန်လှည့်၍ အာဣမြို့ သားတို့ကို တိုက်သတ်ကြ၏။

  20. အာဣမင်းကြီးကို အရှင်ဘမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။

  21. ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌၎င်း၊ လိုက်ရှာရာ တော၌၎င်း၊ အာဣမြို့သားအပေါင်းတို့ကို လုပ်ကြံ၍ ထားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တဖန် မြို့သို့ပြန်လာ၍ ထားဖြင့် လုပ်ကြံကြ၏။

  22. ထိုနေ့၌ တသောင်းနှစ်ထောင်ခန့်မျှ ရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ ၏။

  23. အာဣမြို့သူမြို့သား အပေါင်းတို့ကို အကုန်အ စင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သော လက်ကို မသိမ်းမရုပ်။

  24. ယောရှုသည်လည်း အာဣမြို့ကို မီးရှို့၍၊ ယနေ့ တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံ ဖြစ်စေ၏။

  25. အာဣမင်းကြီးကို ညဦးတိုင်အောင် သစ်ပင် တွင် ဆွဲထား၍၊ မိုဃ်းချုပ်သောအခါ၊ ယောရှုစီရင်သည် အတိုင်း၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါး ဝ၌ ပစ်ထား၍၊ အသေကောင်အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။