အကြောင်းအရာသို့ ကျော်သွားရန်

circa 1406–1380 BC

Conquest of Canaan

Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.

658 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ယောရှုမှတ်စာ 19:6ခရစ်တော် မပေါ်မီ 1443 ခန့်

    ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။

  2. ယောရှုမှတ်စာ 19:7ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။

  3. ယောရှုမှတ်စာ 19:8ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

  4. ယောရှုမှတ်စာ 19:9ခရစ်တော် မပေါ်မီ 1443 ခန့်

    ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။

  5. ယောရှုမှတ်စာ 19:10ခရစ်တော် မပေါ်မီ 1443 ခန့်

    တတိယတကြိမ်စာရေးတံပြု၍ ဇာဗုလုန်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့ အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊

  6. ယောရှုမှတ်စာ 19:11ခရစ်တော် မပေါ်မီ 1443 ခန့်

    အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့ သို့၎င်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့၎င်း မှီလေ၏။

  7. ယောရှုမှတ်စာ 19:12ခရစ်တော် မပေါ်မီ 1443 ခန့်

    တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီး လျှင်၊ ယာဖျာမြို့သို့ တက်လေ၏။

  8. ယောရှုမှတ်စာ 19:13ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တ ဟေဖါမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။

  9. ယောရှုမှတ်စာ 19:14ခရစ်တော် မပေါ်မီ 1443 ခန့်

    မြောက်ဘက်၌လည်း ဝိုင်းသဖြင့်၊ ဟန္နသုန်မြို့ သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။

  10. ယောရှုမှတ်စာ 19:15ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန် မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။

  11. ယောရှုမှတ်စာ 19:16ခရစ်တော် မပေါ်မီ 1443 ခန့်

    ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန်အမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

  12. ယောရှုမှတ်စာ 19:17ခရစ်တော် မပေါ်မီ 1443 ခန့်

    စတုတ္ထတကြိမ် စာရေးတံပြု၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

  13. ယောရှုမှတ်စာ 19:18ခရစ်တော် မပေါ်မီ 1443 ခန့်

    သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊

  14. ယောရှုမှတ်စာ 19:19ခရစ်တော် မပေါ်မီ 1443 ခန့်

    ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊

  15. ယောရှုမှတ်စာ 19:20ခရစ်တော် မပေါ်မီ 1443 ခန့်

    ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊

  16. ယောရှုမှတ်စာ 19:21ခရစ်တော် မပေါ်မီ 1443 ခန့်

    ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ ပါလျက်၊

  17. ယောရှုမှတ်စာ 19:22ခရစ်တော် မပေါ်မီ 1443 ခန့်

    တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း။

  18. ယောရှုမှတ်စာ 19:23ခရစ်တော် မပေါ်မီ 1443 ခန့်

    ဤရွေ့ကား မြို့ရွာပါလျက် ဣသခါအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

  19. ယောရှုမှတ်စာ 19:24ခရစ်တော် မပေါ်မီ 1443 ခန့်

    ပဉ္စမတကြိမ် စာရေးတံပြု၍ အာရှာအမျိုးသား တို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

  20. ယောရှုမှတ်စာ 19:25ခရစ်တော် မပေါ်မီ 1443 ခန့်

    သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊

  21. ယောရှုမှတ်စာ 19:26ခရစ်တော် မပေါ်မီ 1443 ခန့်

    အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါ လျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗ နတ်မြို့သို့ ရောက်လေ၏။

  22. ယောရှုမှတ်စာ 19:27ခရစ်တော် မပေါ်မီ 1443 ခန့်

    တဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာ ဗုလမြို့၊

  23. ယောရှုမှတ်စာ 19:28ခရစ်တော် မပေါ်မီ 1443 ခန့်

    ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊

  24. ယောရှုမှတ်စာ 19:29ခရစ်တော် မပေါ်မီ 1443 ခန့်

    ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ်၌ဆုံးလေ၏။

  25. ယောရှုမှတ်စာ 19:30ခရစ်တော် မပေါ်မီ 1443 ခန့်

    အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။