အကြောင်းအရာသို့ ကျော်သွားရန်

circa 1406–1380 BC

Conquest of Canaan

Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.

658 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ယောရှုမှတ်စာ 18:9ခရစ်တော် မပေါ်မီ 1443 ခန့်

    သူတို့သည် တပြည်လုံးသို့ ရှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။

  2. ယောရှုမှတ်စာ 18:10ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့ တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသား အသီးသီး တို့အား မြေကိုပိုင်းခြားလေ၏။

  3. ယောရှုမှတ်စာ 18:11ခရစ်တော် မပေါ်မီ 1443 ခန့်

    ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသား တို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။

  4. ယောရှုမှတ်စာ 18:12ခရစ်တော် မပေါ်မီ 1443 ခန့်

    မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော် ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌၎င်း၊ အနောက်ဘက်တောင်ပေါ်၌၎င်း ရှောက်လျက် ဗေသဝင် တောသို့ ထွက်သွား၏။

  5. ယောရှုမှတ်စာ 18:13ခရစ်တော် မပေါ်မီ 1443 ခန့်

    တဖန် တောင်မျက်နှာသို့သွား၍ ဗေသလ လုဇ မြို့နား၌ ရှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင် ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊

  6. ယောရှုမှတ်စာ 18:14ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်း သဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့ တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။

  7. ယောရှုမှတ်စာ 18:15ခရစ်တော် မပေါ်မီ 1443 ခန့်

    တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာ ရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊

  8. ယောရှုမှတ်စာ 18:16ခရစ်တော် မပေါ်မီ 1443 ခန့်

    ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင် ဘက် ဟိန္နုံချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊

  9. ယောရှုမှတ်စာ 18:17ခရစ်တော် မပေါ်မီ 1443 ခန့်

    မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့၎င်း၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့၎င်း၊ ရုဗင်သား ဗောဟန်၏ ကျောက်သို့၎င်း ရောက်လေ၏။

  10. ယောရှုမှတ်စာ 18:18ခရစ်တော် မပေါ်မီ 1443 ခန့်

    တဖန် အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊

  11. ယောရှုမှတ်စာ 18:19ခရစ်တော် မပေါ်မီ 1443 ခန့်

    ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးလေ၏။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း။

  12. ယောရှုမှတ်စာ 18:20ခရစ်တော် မပေါ်မီ 1443 ခန့်

    ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက် ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေ အမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း။

  13. ယောရှုမှတ်စာ 18:21ခရစ်တော် မပေါ်မီ 1443 ခန့်

    ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအ လိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသော ဂလမြို့၊ ဧမက္ကေဇဇ်မြို့၊

  14. ယောရှုမှတ်စာ 18:22ခရစ်တော် မပေါ်မီ 1443 ခန့်

    ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊

  15. ယောရှုမှတ်စာ 18:23ခရစ်တော် မပေါ်မီ 1443 ခန့်

    အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊

  16. ယောရှုမှတ်စာ 18:24ခရစ်တော် မပေါ်မီ 1443 ခန့်

    ခေဖါဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့် တကွ ဆယ်နှစ်မြို့တည်း။

  17. ယောရှုမှတ်စာ 18:25ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုမှတပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊

  18. ယောရှုမှတ်စာ 18:26ခရစ်တော် မပေါ်မီ 1443 ခန့်

    မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊

  19. ယောရှုမှတ်စာ 18:27ခရစ်တော် မပေါ်မီ 1443 ခန့်

    ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊

  20. ယောရှုမှတ်စာ 18:28ခရစ်တော် မပေါ်မီ 1443 ခန့်

    ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူ သော ယေဗုသိမြို့၊ ဂိဗက်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက်ခံရသော အမွေတည်း။

  21. ယောရှုမှတ်စာ 19:1ခရစ်တော် မပေါ်မီ 1443 ခန့်

    ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။

  22. ယောရှုမှတ်စာ 19:2ခရစ်တော် မပေါ်မီ 1443 ခန့်

    သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရ ရှေဘမြို့၊ မောလဒါမြို့၊

  23. ယောရှုမှတ်စာ 19:3ခရစ်တော် မပေါ်မီ 1443 ခန့်

    ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊

  24. ယောရှုမှတ်စာ 19:4ခရစ်တော် မပေါ်မီ 1443 ခန့်

    ဧလတောလဒ်မြို့၊ ဗေသူလမြို့၊ ဟေမာမြို့၊

  25. ယောရှုမှတ်စာ 19:5ခရစ်တော် မပေါ်မီ 1443 ခန့်

    ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊