အကြောင်းအရာသို့ ကျော်သွားရန်

circa 1406–1380 BC

Conquest of Canaan

Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.

658 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ယောရှုမှတ်စာ 15:50ခရစ်တော် မပေါ်မီ 1443 ခန့်

    အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊

  2. ယောရှုမှတ်စာ 15:51ခရစ်တော် မပေါ်မီ 1443 ခန့်

    ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွ ဆယ်တမြို့တည်း။

  3. ယောရှုမှတ်စာ 15:52ခရစ်တော် မပေါ်မီ 1443 ခန့်

    အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊

  4. ယောရှုမှတ်စာ 15:53ခရစ်တော် မပေါ်မီ 1443 ခန့်

    ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊

  5. ယောရှုမှတ်စာ 15:54ခရစ်တော် မပေါ်မီ 1443 ခန့်

    ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။

  6. ယောရှုမှတ်စာ 15:55ခရစ်တော် မပေါ်မီ 1443 ခန့်

    မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊

  7. ယောရှုမှတ်စာ 15:56ခရစ်တော် မပေါ်မီ 1443 ခန့်

    ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊

  8. ယောရှုမှတ်စာ 15:57ခရစ်တော် မပေါ်မီ 1443 ခန့်

    ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။

  9. ယောရှုမှတ်စာ 15:58ခရစ်တော် မပေါ်မီ 1443 ခန့်

    ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊

  10. ယောရှုမှတ်စာ 15:59ခရစ်တော် မပေါ်မီ 1443 ခန့်

    မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာ နှင့်တကွခြောက်မြို့တည်း။

  11. ယောရှုမှတ်စာ 15:60ခရစ်တော် မပေါ်မီ 1443 ခန့်

    ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။

  12. ယောရှုမှတ်စာ 15:61ခရစ်တော် မပေါ်မီ 1443 ခန့်

    တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာ ကမြို့၊

  13. ယောရှုမှတ်စာ 15:62ခရစ်တော် မပေါ်မီ 1443 ခန့်

    နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။

  14. ယောရှုမှတ်စာ 15:63ခရစ်တော် မပေါ်မီ 1443 ခန့်

    ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို ကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။

  15. ယောရှုမှတ်စာ 16:1ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်း သို့ လိုက်လျက်၊ ဗေသလတောင်တရှောက်လုံး သွားသဖြင့်၊

  16. ယောရှုမှတ်စာ 16:2ခရစ်တော် မပေါ်မီ 1443 ခန့်

    ဗေသလလုဇမြို့သို့၎င်း၊ အာခိအတရုတ် မြို့သို့ ၎င်း၊

  17. ယောရှုမှတ်စာ 16:3ခရစ်တော် မပေါ်မီ 1443 ခန့်

    အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂေဇာမြို့သို့၎င်း ရောက် ၍ ပင်လယ်၌ဆုံးလေ၏။

  18. ယောရှုမှတ်စာ 16:4ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့ သည် အမွေခံရကြ၏။

  19. ယောရှုမှတ်စာ 16:5ခရစ်တော် မပေါ်မီ 1443 ခန့်

    ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ် အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊

  20. ယောရှုမှတ်စာ 16:6ခရစ်တော် မပေါ်မီ 1443 ခန့်

    မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ ထွက်၏။ တဖန် အရှေ့သို့ မျက်နှာပြု၍ တာနတ်ရှိလော မြို့အရှေ့မှာ ရှောက်လျက်၊

  21. ယောရှုမှတ်စာ 16:7ခရစ်တော် မပေါ်မီ 1443 ခန့်

    ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ် မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့၎င်း ရောက်၍ ယော်ဒန် မြစ်၌ ဆုံးလေ၏။

  22. ယောရှုမှတ်စာ 16:8ခရစ်တော် မပေါ်မီ 1443 ခန့်

    တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့ လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။

  23. ယောရှုမှတ်စာ 16:9ခရစ်တော် မပေါ်မီ 1443 ခန့်

    ဤရွေ့ကား၊ မနာရှေအမျိုးသားတို့အဘို့ အမွေ ခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသော မြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများဖြစ်သတည်း။

  24. ယောရှုမှတ်စာ 16:10ခရစ်တော် မပေါ်မီ 1443 ခန့်

    ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။

  25. ယောရှုမှတ်စာ 17:1ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောသပ်၏သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲ ဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။