အကြောင်းအရာသို့ ကျော်သွားရန်

circa 1406–1380 BC

Conquest of Canaan

Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.

658 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ယောရှုမှတ်စာ 17:2ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောသပ်၏သား မနာရှေ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖါသား၊ ရှမိဒသားတို့ သည် အဆွေအမျိုးအလိုက် စာရေးတံပြု၍ ရကြသေး၏။

  2. ယောရှုမှတ်စာ 17:3ခရစ်တော် မပေါ်မီ 1443 ခန့်

    သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။

  3. ယောရှုမှတ်စာ 17:4ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ် တို့ပေါက်ဘော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။

  4. ယောရှုမှတ်စာ 17:5ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည် ကို ရသောကြောင့်၊

  5. ယောရှုမှတ်စာ 17:6ခရစ်တော် မပေါ်မီ 1443 ခန့်

    ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည် နှင့် ဗာရှန်ပြည်မှတပါး၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး၏။

  6. ယောရှုမှတ်စာ 17:7ခရစ်တော် မပေါ်မီ 1443 ခန့်

    မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ျာ ဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။

  7. ယောရှုမှတ်စာ 17:8ခရစ်တော် မပေါ်မီ 1443 ခန့်

    တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာ ရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။

  8. ယောရှုမှတ်စာ 17:9ခရစ်တော် မပေါ်မီ 1443 ခန့်

    တဖန် အပိုင်းအခြားသည် ကာနမြစ်တောင် ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေ ဖြစ်၍ ပင်လယ်၌ဆုံးလေ၏။

  9. ယောရှုမှတ်စာ 17:10ခရစ်တော် မပေါ်မီ 1443 ခန့်

    တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာ ရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။

  10. ယောရှုမှတ်စာ 17:11ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူ မူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။

  11. ယောရှုမှတ်စာ 17:12ခရစ်တော် မပေါ်မီ 1443 ခန့်

    သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ ကို မသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင် နေကြ၏။

  12. ယောရှုမှတ်စာ 17:13ခရစ်တော် မပေါ်မီ 1443 ခန့်

    ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေး စေကြ၏။

  13. ယောရှုမှတ်စာ 17:14ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာ ကို ခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည်တဘို့ တခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအား မေးလျှောက်ကြသော်၊

  14. ယောရှုမှတ်စာ 17:15ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော ၏။

  15. ယောရှုမှတ်စာ 17:16ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင် သည် အကျွန်ုပ်တို့အဘို့ မလောက်ပါ။ ချိုင့်အရပ်ဗက်ရှန် မြို့ရွာတို့၌၎င်း၊ ယေဇရေလချိုင့်၌၎င်း နေသော ခါနနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊

  16. ယောရှုမှတ်စာ 17:17ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တဘို့တည်းကိုသာ မယူရ။

  17. ယောရှုမှတ်စာ 17:18ခရစ်တော် မပေါ်မီ 1443 ခန့်

    တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့်ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။

  18. ယောရှုမှတ်စာ 18:1ခရစ်တော် မပေါ်မီ 1443 ခန့်

    ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏။

  19. ယောရှုမှတ်စာ 18:2ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုအခါ ဣသရေလအမျိုးခုနှစ်မျိုးတို့သည်၊ အမွေမြေကို မခံရသေးသည်ဖြစ်၍၊

  20. ယောရှုမှတ်စာ 18:3ခရစ်တော် မပေါ်မီ 1443 ခန့်

    ယောရှုက၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်း မယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။

  21. ယောရှုမှတ်စာ 18:4ခရစ်တော် မပေါ်မီ 1443 ခန့်

    သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီ ရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံး သို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။

  22. ယောရှုမှတ်စာ 18:5ခရစ်တော် မပေါ်မီ 1443 ခန့်

    သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။

  23. ယောရှုမှတ်စာ 18:6ခရစ်တော် မပေါ်မီ 1443 ခန့်

    ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံ သို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်။

  24. ယောရှုမှတ်စာ 18:7ခရစ်တော် မပေါ်မီ 1443 ခန့်

    လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဘို့ကို မယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။

  25. ယောရှုမှတ်စာ 18:8ခရစ်တော် မပေါ်မီ 1443 ခန့်

    ထိုလူတို့သည် ထ၍သွားသဖြင့်၊ ယောရှုက လည်း၊ တပြည်လုံးသို့ ရှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသား ခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊