- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1900–1700 BC
Jacob, Joseph & Egypt
Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.
ဤကာလမှ အခန်းငယ်များ
- ကမ္ဘာဦးကျမ်း 42:16ခရစ်တော် မပေါ်မီ 1707 ခန့်
သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
- ကမ္ဘာဦးကျမ်း 42:17ခရစ်တော် မပေါ်မီ 1707 ခန့်
အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။
- ကမ္ဘာဦးကျမ်း 42:18ခရစ်တော် မပေါ်မီ 1707 ခန့်
သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊
- ကမ္ဘာဦးကျမ်း 42:19ခရစ်တော် မပေါ်မီ 1707 ခန့်
သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။
- ကမ္ဘာဦးကျမ်း 42:20ခရစ်တော် မပေါ်မီ 1707 ခန့်
အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
- ကမ္ဘာဦးကျမ်း 42:21ခရစ်တော် မပေါ်မီ 1707 ခန့်
ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
- ကမ္ဘာဦးကျမ်း 42:22ခရစ်တော် မပေါ်မီ 1707 ခန့်
ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
- ကမ္ဘာဦးကျမ်း 42:23ခရစ်တော် မပေါ်မီ 1707 ခန့်
ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။
- ကမ္ဘာဦးကျမ်း 42:24ခရစ်တော် မပေါ်မီ 1707 ခန့်
ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။
- ကမ္ဘာဦးကျမ်း 42:25ခရစ်တော် မပေါ်မီ 1707 ခန့်
ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
- ကမ္ဘာဦးကျမ်း 42:26ခရစ်တော် မပေါ်မီ 1707 ခန့်
သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။
- ကမ္ဘာဦးကျမ်း 42:27ခရစ်တော် မပေါ်မီ 1707 ခန့်
စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။
- ကမ္ဘာဦးကျမ်း 42:28ခရစ်တော် မပေါ်မီ 1707 ခန့်
ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။
- ကမ္ဘာဦးကျမ်း 42:29ခရစ်တော် မပေါ်မီ 1707 ခန့်
ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊
- ကမ္ဘာဦးကျမ်း 42:30ခရစ်တော် မပေါ်မီ 1707 ခန့်
ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။
- ကမ္ဘာဦးကျမ်း 42:31ခရစ်တော် မပေါ်မီ 1707 ခန့်
ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
- ကမ္ဘာဦးကျမ်း 42:32ခရစ်တော် မပေါ်မီ 1707 ခန့်
တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
- ကမ္ဘာဦးကျမ်း 42:33ခရစ်တော် မပေါ်မီ 1707 ခန့်
ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊
- ကမ္ဘာဦးကျမ်း 42:34ခရစ်တော် မပေါ်မီ 1707 ခန့်
အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
- ကမ္ဘာဦးကျမ်း 42:35ခရစ်တော် မပေါ်မီ 1707 ခန့်
မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။
- ကမ္ဘာဦးကျမ်း 42:36ခရစ်တော် မပေါ်မီ 1707 ခန့်
အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို၏။
- ကမ္ဘာဦးကျမ်း 42:37ခရစ်တော် မပေါ်မီ 1707 ခန့်
ရုဗင်ကလည်း၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန်၍ မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။သူ့ကိုကျွန်ုပ် လက်၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို၏။
- ကမ္ဘာဦးကျမ်း 42:38ခရစ်တော် မပေါ်မီ 1707 ခန့်
အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။
- ကမ္ဘာဦးကျမ်း 43:1ခရစ်တော် မပေါ်မီ 1707 ခန့်
ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍၊
- ကမ္ဘာဦးကျမ်း 43:2ခရစ်တော် မပေါ်မီ 1707 ခန့်
အဲဂုတ္တုပြည်မှ ဆောင်ခဲ့သောစပါးကို စားကုန် ပြီးမှ၊ အဘက၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။