အကြောင်းအရာသို့ ကျော်သွားရန်

circa 1900–1700 BC

Jacob, Joseph & Egypt

Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.

840 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 43:3ခရစ်တော် မပေါ်မီ 1707 ခန့်

    ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ။

  2. ကမ္ဘာဦးကျမ်း 43:4ခရစ်တော် မပေါ်မီ 1707 ခန့်

    ကျွန်ုပ်တို့ညီကို ထည့်လျှင်သွား၍ အဘစားဘို့ ရာ ဝယ်ပါမည်။

  3. ကမ္ဘာဦးကျမ်း 43:5ခရစ်တော် မပေါ်မီ 1707 ခန့်

    ညီကို မထည့်လျှင် မသွားပါ၊ အကြောင်းမူကား၊ ထိုသူက သင်တို့ညီမပါလျှင် ငါ့မျက်နှာ ကို မမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ၏။

  4. ကမ္ဘာဦးကျမ်း 43:6ခရစ်တော် မပေါ်မီ 1707 ခန့်

    ဣသရေလကလည်း၊ သင်တို့၌ ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြ သနည်းဟုဆိုသော်၊

  5. ကမ္ဘာဦးကျမ်း 43:7ခရစ်တော် မပေါ်မီ 1707 ခန့်

    သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာ အမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘ အသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသော အခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့ လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည် ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။

  6. ကမ္ဘာဦးကျမ်း 43:8ခရစ်တော် မပေါ်မီ 1707 ခန့်

    ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့ သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ ထ၍ သွားကြပါမည်။

  7. ကမ္ဘာဦးကျမ်း 43:9ခရစ်တော် မပေါ်မီ 1707 ခန့်

    ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ကို တောင်းပါ။သူ့ကိုပြန်၍မဆောင် အဘရှေ့မှာ မထားလျှင်၊ အစဉ်မပြတ် အပြစ်ကို ခံပါစေ။

  8. ကမ္ဘာဦးကျမ်း 43:10ခရစ်တော် မပေါ်မီ 1707 ခန့်

    ဤမျှလောက်မဖင့်နွှဲ့လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။

  9. ကမ္ဘာဦးကျမ်း 43:11ခရစ်တော် မပေါ်မီ 1707 ခန့်

    အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြ လော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏ အသီးမျိုးအကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို ယူကြလော့။

  10. ကမ္ဘာဦးကျမ်း 43:12ခရစ်တော် မပေါ်မီ 1707 ခန့်

    သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့။အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင် သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ၏။

  11. ကမ္ဘာဦးကျမ်း 43:13ခရစ်တော် မပေါ်မီ 1707 ခန့်

    သင်တို့ညီကိုလည်းယူ၍ တဖန် ထိုသူထံသို့ ထသွားကြလော့။

  12. ကမ္ဘာဦးကျမ်း 43:14ခရစ်တော် မပေါ်မီ 1707 ခန့်

    ထိုသူသည် သင်တို့ အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရား သခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊

  13. ကမ္ဘာဦးကျမ်း 43:15ခရစ်တော် မပေါ်မီ 1707 ခန့်

    သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။

  14. ကမ္ဘာဦးကျမ်း 43:16ခရစ်တော် မပေါ်မီ 1707 ခန့်

    သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ အကောင်များကို သတ်၍ စားစရာကို ပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူ မွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည် အတိုင်း၊

  15. ကမ္ဘာဦးကျမ်း 43:17ခရစ်တော် မပေါ်မီ 1707 ခန့်

    ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ် သွား၏။

  16. ကမ္ဘာဦးကျမ်း 43:18ခရစ်တော် မပေါ်မီ 1707 ခန့်

    ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့ သည် ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ် သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကို သိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊

  17. ကမ္ဘာဦးကျမ်း 43:19ခရစ်တော် မပေါ်မီ 1707 ခန့်

    ယောသပ်၏ ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာ နှုတ်ဆက်လျက်၊

  18. ကမ္ဘာဦးကျမ်း 43:20ခရစ်တော် မပေါ်မီ 1707 ခန့်

    သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကို ဝယ်ခြင်းငှါ အမှန်လာပါ၏။

  19. ကမ္ဘာဦးကျမ်း 43:21ခရစ်တော် မပေါ်မီ 1707 ခန့်

    စားခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝ တွင် ရှိပါ၏။ ထိုငွေကို တဖန် ဆောင်ခဲ့ကြပါပြီ။

  20. ကမ္ဘာဦးကျမ်း 43:22ခရစ်တော် မပေါ်မီ 1707 ခန့်

    ယခုလည်းအစာကို ဝယ်ခြင်းငှါအခြားသော ငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့ အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြ သော်၊

  21. ကမ္ဘာဦးကျမ်း 43:23ခရစ်တော် မပေါ်မီ 1707 ခန့်

    ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့၏အဘ ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကို ငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက် လေ၏။

  22. ကမ္ဘာဦးကျမ်း 43:24ခရစ်တော် မပေါ်မီ 1707 ခန့်

    ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကို ပေး၍ ခြေဆေးစေ၏။ မြည်းတို့ကိုလည်း ကျွေး လေ၏။

  23. ကမ္ဘာဦးကျမ်း 43:25ခရစ်တော် မပေါ်မီ 1707 ခန့်

    မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့ သည် ကြားလေသတည်း။

  24. ကမ္ဘာဦးကျမ်း 43:26ခရစ်တော် မပေါ်မီ 1707 ခန့်

    ယောသပ်သည် အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲ ယော သပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။

  25. ကမ္ဘာဦးကျမ်း 43:27ခရစ်တော် မပေါ်မီ 1707 ခန့်

    ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘ တည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူ သည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟု မေးလျှင်၊