- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1900–1700 BC
Jacob, Joseph & Egypt
Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.
ဤကာလမှ အခန်းငယ်များ
- ကမ္ဘာဦးကျမ်း 50:12ခရစ်တော် မပေါ်မီ 1689 ခန့်
ယာကုပ်သားတို့သည်၊ အဘမှာထားသည် အတိုင်း ပြုကြ၏။
- ကမ္ဘာဦးကျမ်း 50:13ခရစ်တော် မပေါ်မီ 1689 ခန့်
ခါနာန်ပြည်သို့ ဆောင်သွား၍၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဘို့၊ ဟိတ္တိအမျိုးသား ဧဖရုန်၌ ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌ သင်္ဂြိုဟ်ကြ၏။
- ကမ္ဘာဦးကျမ်း 50:14ခရစ်တော် မပေါ်မီ 1689 ခန့်
ယောသပ်သည် အဘကိုသင်္ဂြိုဟ်ပြီးလျှင်၊ အစ်ကိုများမှစ၍ မသာလိုက်လာသောသူအပေါင်းတို့နှင့် တကွ၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
- ကမ္ဘာဦးကျမ်း 50:15ခရစ်တော် မပေါ်မီ 1689 ခန့်
ယောသပ်အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်း ထားလိမ့်မည်။ ငါတို့သည် အထက်က သူ့ကို ညှဉ်းဆဲသောကြောင့်၊ ငါတို့အား ဧကန်အမှန်ပြန်၍ ညှဉ်းဆဲ လိမ့်မည်ဟု စိုးရိမ်လျက်၊
- ကမ္ဘာဦးကျမ်း 50:16ခရစ်တော် မပေါ်မီ 1689 ခန့်
သူ့ထံသို့တမန်ကိုစေလွှတ်၍၊ ကိုယ်တော် အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အား ပြုမိ၍၊
- ကမ္ဘာဦးကျမ်း 50:17ခရစ်တော် မပေါ်မီ 1689 ခန့်
ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြားလျှောက်ရမည် အကြောင်း၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍၊ ယခုတွင် ခမည်းတော်၏ ဘုရားသခင်ကျွန်တို့၏ အပြစ်ကိုလွှတ်တော်မူပါဟု လျှောက်ကြ၏။ ထိုသို့ လျှောက်ကြသောအခါ၊ ယောသပ်သည် မျက်ရည်ကျလေ၏။
- ကမ္ဘာဦးကျမ်း 50:18ခရစ်တော် မပေါ်မီ 1689 ခန့်
အစ်ကိုတို့သည်လည်းဝင်၍ ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ကျွန် ဖြစ်ကြပါသည်ဟု လျှောက်ကြ၏။
- ကမ္ဘာဦးကျမ်း 50:19ခရစ်တော် မပေါ်မီ 1689 ခန့်
ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင် ကိုယ်စားဖြစ်သလော။
- ကမ္ဘာဦးကျမ်း 50:20ခရစ်တော် မပေါ်မီ 1689 ခန့်
သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများ အသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ၏။
- ကမ္ဘာဦးကျမ်း 50:21ခရစ်တော် မပေါ်မီ 1689 ခန့်
ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက်၊ သူတို့ကို နှစ်သိမ့် စေ၍ မေတ္တာစကားကို ပြောလေ၏။
- ကမ္ဘာဦးကျမ်း 50:22ခရစ်တော် မပေါ်မီ 1689 ခန့်
ထိုသို့ယောသပ်သည် မိမိအဘ၏ အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက်တရာတဆယ်ကိုမှီ၏။
- ကမ္ဘာဦးကျမ်း 50:23ခရစ်တော် မပေါ်မီ 1689 ခန့်
ဧဖရိမ်၏မြေးကို မြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာ မွေးစားရ၏။
- ကမ္ဘာဦးကျမ်း 50:24ခရစ်တော် မပေါ်မီ 1689 ခန့်
ယောသပ်ကလည်း၊ ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့် အရှုကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့၊ ဤပြည်မှ ဆောင်သွား တော်မူမည်ဟု အစ်ကိုတို့အားဆို၏။
- ကမ္ဘာဦးကျမ်း 50:25ခရစ်တော် မပေါ်မီ 1689 ခန့်
တဖန်တုံ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ ကျွန်ုပ်အရိုး တို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျိန်ဆိုစေ၏။
- ကမ္ဘာဦးကျမ်း 50:26ခရစ်တော် မပေါ်မီ 1689 ခန့်
ထိုသို့ယောသပ်သည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။ အလောင်ကိုကား၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။ ရှင်မောရှေစီရင်ရေးထားသော ကမ္ဘာဦးကျမ်းပြီး၏။