အကြောင်းအရာသို့ ကျော်သွားရန်

Patriarchal Government အကြောင်း ကျမ်းစာအခန်းငယ်များ

75 အခန်းငယ် · 9 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။

  2. ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟုဆို၏။

  3. တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။

  4. ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကို တည်လေ၏။

  5. ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသော တောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌာနပြု၏။

  6. သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။

  7. ထိုဘေးမှ လွတ်၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ၊ ဧရှ ကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက်၍၊ သိတင်းကြားပြောလေ၏။

  8. အာဗြံသည် မိမိ အစ်ကိုသားကို ဘမ်းသွား ကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ ဘွား၍ သွန်သင်သော လူသုံးရာတဆယ်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။

  9. ညဉ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင်လိုက်ပြန်လေ၏။

  10. ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသား လောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများ နှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။

  11. အကြောင်းမူကား၊ သူသည် မိမိနောက်၌ ဖြစ်သော သားများ၊ အိမ်သူများတို့အား ပညတ်မည်အရာ ကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏ တရား လမ်းသို့ လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့် မည်။ သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရ ဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။

  12. အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍ ဗေရရှေဘ တော၌ လှည့်လည်လျက် နေ၏။

  13. ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ်၍၊ သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။

  14. သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား၊ ငါသည် သင်၌ကျေးဇူးပြု သကဲ့သို့ ငါ၌၎င်း၊ သင်တည်းနေရာ ငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို၏။

  15. အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။

  16. အဘိမလက်မင်း၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည် လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။

  17. အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ် သူပြုသည်ကို ငါမသိ။ သင်သည့်ငါ့ကိုမပြော။ ငါလည်း ယနေ့တိုင်အောင် မကြားရဟု ဆို၏။

  18. အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏။

  19. အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ၏။

  20. အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုး သငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟု မေးသော်၊

  21. အာဗြဟံက၊ ဤရေတွင်းကို ငါတူးပြီးဟု ဤသိုး သငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌ သက်သေဖြစ်မည် အကြောင်းသူတို့ကို သင်သည်ငါ့လက်မှ ခံယူရမည်ဟု ဆိုလေ၏။

  22. သို့ဖြစ်၍ထိုအရပ်၌ ထိုနှစ်ပါးတို့သည် ကျိန်ဆို သောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟု တွင်ကြ၏။

  23. ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်တို့သည်ထ၍ ဖိလိတ္တပြည်သို့ ပြန်ကြ၏။

  24. ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများ တွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ ၏။

  25. ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊