Skip to content

Children အကြောင်း ကျမ်းစာအခန်းငယ်များ

257 အခန်းငယ် · 102 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။

  2. သင်သည် ယခုဧည့်သည်ဖြစ်၍နေသော ပြည်တည်းဟူသော၊ ခါနာန်ပြည်တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။

  3. တဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။

  4. သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။

  5. အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။

  6. သင်တို့ အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဘွားသောသူဖြစ်စေ၊ ကိုယ့် အမျိုးမဟုတ်။ တပါးအမျိုးသား၌ ငွေနှင့်ဝယ်သောသူ ဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီး မင်္ဂလာကို ခံရမည်။

  7. ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။

  8. အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။

  9. မိုဃ်းသောက်သောအခါ၊ ကောင်းကင်တမန် တို့သည် လောတကို ဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့်သမီး နှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ဆုံးခြင်းသို့ ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊

  10. သူသည်ဖင့်နွှဲသောခါ ထာဝရဘုရားသနား တော်မူသောကြောင့် ကောင်းတမန်တို့သည် သူနှင့်သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ကို လက်ဆွဲ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။

  11. အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသော သားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊

  12. ဤကျွန်မ၏သားသည် အကျွန်ုပ်၏သာဣဇာက် နှင့်အတူ အမွေမခံရဟု အာဗြံဟံအား ဆိုလေ၏။

  13. အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှု အလွန်ခက်သည်ဟု ထင်လေ၏။

  14. သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာ ပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏ အမျိုးတည်လိမ့်မည်။

  15. ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ၏။

  16. အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍ ဗေရရှေဘ တော၌ လှည့်လည်လျက် နေ၏။

  17. ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံဖုတ် အောက်၌ ထား၍၊

  18. ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက် မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည်။

  19. သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည် ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ် အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။

  20. အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။

  21. ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။

  22. အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သော အခါ သေရမည်ကို ငါမသိ။

  23. မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊

  24. ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို၏။

  25. လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း။