အကြောင်းအရာသို့ ကျော်သွားရန်

Children အကြောင်း ကျမ်းစာအခန်းငယ်များ

257 အခန်းငယ် · 102 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။

  2. လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။

  3. အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ၏။

  4. ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။

  5. ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်သတည်း။

  6. တဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါးကျွန်နှင့် တူ၏။

  7. အဘစီရင်နှင့်သော အချိန်ကာလ မရောက်မှီ တိုင်အောင် အစောင့်အထိန်းအအုပ်အချုပ်တို့ လက်၌ ရှိ၏။