- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တောလည်ရာကျမ်း 31:16ခရစ်တော် မပေါ်မီ 1452 ခန့်
ဣသရေလအမျိုးသား တို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည် တကား။
- တောလည်ရာကျမ်း 31:17ခရစ်တော် မပေါ်မီ 1452 ခန့်
ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်း ကို၎င်း၊ သတ်ကြလော့။
- တောလည်ရာကျမ်း 31:18ခရစ်တော် မပေါ်မီ 1452 ခန့်
ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့။
- တောလည်ရာကျမ်း 31:19ခရစ်တော် မပေါ်မီ 1452 ခန့်
သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေ ကြလော့။
- တောလည်ရာကျမ်း 31:20ခရစ်တော် မပေါ်မီ 1452 ခန့်
သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့် ရက်သောအရာ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ၏။
- တောလည်ရာကျမ်း 31:21ခရစ်တော် မပေါ်မီ 1452 ခန့်
ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား၊
- တောလည်ရာကျမ်း 31:22ခရစ်တော် မပေါ်မီ 1452 ခန့်
ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲ အစရှိသော၊
- တောလည်ရာကျမ်း 31:23ခရစ်တော် မပေါ်မီ 1452 ခန့်
မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ်၌ သွားစေရမည်။
- တောလည်ရာကျမ်း 31:24ခရစ်တော် မပေါ်မီ 1452 ခန့်
သတ္တမနေ့၌ မိမိအဝတ်ကို လျှော်ပြီးမှ၊ စင်ကြယ် ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။
- တောလည်ရာကျမ်း 31:25ခရစ်တော် မပေါ်မီ 1452 ခန့်
ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ၊
- တောလည်ရာကျမ်း 31:26ခရစ်တော် မပေါ်မီ 1452 ခန့်
ပရိသတ်အဆွေအမျိုး သူကြီးတို့သည်၊ ယခု လက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊
- တောလည်ရာကျမ်း 31:27ခရစ်တော် မပေါ်မီ 1452 ခန့်
ထက်ဝက်ခွဲပြီးလျှင် တဝက်ကို စစ်မှုထမ်း၍ အတိုက်သွားသော သူတို့အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်းတို့အား၎င်း ပေးဝေလော့။
- တောလည်ရာကျမ်း 31:28ခရစ်တော် မပေါ်မီ 1452 ခန့်
စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရ ဘုရားအား ပေးရသောအခွန်ကို ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်းငါးရာတွင် တကောင်ကို ကောက်ယူပြီးလျှင်၊
- တောလည်ရာကျမ်း 31:29ခရစ်တော် မပေါ်မီ 1452 ခန့်
သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည်။
- တောလည်ရာကျမ်း 31:30ခရစ်တော် မပေါ်မီ 1452 ခန့်
ဣသရေလအမျိုးသား ခံရသော ထက်ဝက် အဘို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင်ငါးဆယ်တို့တွင် တကောင်ကို ကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေပိသားတို့အား ပေးရမည်ဟု၊
- တောလည်ရာကျမ်း 31:31ခရစ်တော် မပေါ်မီ 1452 ခန့်
မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့ သည် ပြလေ၏။
- တောလည်ရာကျမ်း 31:32ခရစ်တော် မပေါ်မီ 1452 ခန့်
စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား သိုးခြောက်သိန်း ခုနစ်သောင်း ငါးထောင်၊
- တောလည်ရာကျမ်း 31:33ခရစ်တော် မပေါ်မီ 1452 ခန့်
နွားခုနစ်သောင်းနှစ်ထောင်၊
- တောလည်ရာကျမ်း 31:34ခရစ်တော် မပေါ်မီ 1452 ခန့်
မြည်းခြောက်သောင်းတထောင်
- တောလည်ရာကျမ်း 31:35ခရစ်တော် မပေါ်မီ 1452 ခန့်
ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း။
- တောလည်ရာကျမ်း 31:36ခရစ်တော် မပေါ်မီ 1452 ခန့်
စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက် အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊
- တောလည်ရာကျမ်း 31:37ခရစ်တော် မပေါ်မီ 1452 ခန့်
ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက် ရာခုနစ်ဆယ်ငါးကောင်တည်း။
- တောလည်ရာကျမ်း 31:38ခရစ်တော် မပေါ်မီ 1452 ခန့်
နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသော အခွန်ကား၊ နွားခုနစ်ဆယ် ခုနစ်ကောင်တည်း။
- တောလည်ရာကျမ်း 31:39ခရစ်တော် မပေါ်မီ 1452 ခန့်
မြည်းသုံးသောင်းငါးရာရှိသည်ဖြစ်၍ ထာဝရ ဘုရားခံရသော အခွန်ကား၊ မြည်းခြောက်ဆယ်တကောင် တည်း။
- တောလည်ရာကျမ်း 31:40ခရစ်တော် မပေါ်မီ 1452 ခန့်
လူတသောင်းခြောက်ထောင် ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသော အခွန်ကား၊ လူသုံးဆယ် နှစ်ယောက်တည်း။