- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တောလည်ရာကျမ်း 31:41ခရစ်တော် မပေါ်မီ 1452 ခန့်
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ၏။
- တောလည်ရာကျမ်း 31:42ခရစ်တော် မပေါ်မီ 1452 ခန့်
တဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊
- တောလည်ရာကျမ်း 31:43ခရစ်တော် မပေါ်မီ 1452 ခန့်
ပရိသတ်တို့ခံရသော ထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊
- တောလည်ရာကျမ်း 31:44ခရစ်တော် မပေါ်မီ 1452 ခန့်
နွားသုံးသောင်းခြောက်ထောင်၊
- တောလည်ရာကျမ်း 31:45ခရစ်တော် မပေါ်မီ 1452 ခန့်
မြည်းသုံးသောင်းငါးရာ၊
- တောလည်ရာကျမ်း 31:46ခရစ်တော် မပေါ်မီ 1452 ခန့်
လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍
- တောလည်ရာကျမ်း 31:47ခရစ်တော် မပေါ်မီ 1452 ခန့်
ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေး၏။ ထိုသို့ ထာဝရ ဘုရားမှာထားတော်မူ၏။
- တောလည်ရာကျမ်း 31:48ခရစ်တော် မပေါ်မီ 1452 ခန့်
လူတရာ၊ တထောင်ကိုအုပ်သော တပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ ချဉ်းကပ်၍၊
- တောလည်ရာကျမ်း 31:49ခရစ်တော် မပေါ်မီ 1452 ခန့်
ကိုယ်တော် ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ ကို စာရင်းယူပြန်၍၊ လူတယောက်မျှ မလျော့ပါ။
- တောလည်ရာကျမ်း 31:50ခရစ်တော် မပေါ်မီ 1452 ခန့်
ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊
- တောလည်ရာကျမ်း 31:51ခရစ်တော် မပေါ်မီ 1452 ခန့်
မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။
- တောလည်ရာကျမ်း 31:52ခရစ်တော် မပေါ်မီ 1452 ခန့်
ထိုသို့ စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့ သိမ်းယူ၍၊
- တောလည်ရာကျမ်း 31:53ခရစ်တော် မပေါ်မီ 1452 ခန့်
တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရား အား ပူဇော်သော ရွှေချိန်ပေါင်းကား၊ တရာခြောက်ဆယ် ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ် ရှိသတည်း။
- တောလည်ရာကျမ်း 31:54ခရစ်တော် မပေါ်မီ 1452 ခန့်
တပ်မှူးများ၊ ဗိုလ်များ ပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထား ကြ၏။
- တောလည်ရာကျမ်း 32:1ခရစ်တော် မပေါ်မီ 1452 ခန့်
ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
- တောလည်ရာကျမ်း 32:2ခရစ်တော် မပေါ်မီ 1452 ခန့်
မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ၍၊
- တောလည်ရာကျမ်း 32:3ခရစ်တော် မပေါ်မီ 1452 ခန့်
အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
- တောလည်ရာကျမ်း 32:4ခရစ်တော် မပေါ်မီ 1452 ခန့်
ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန် များပြားပါ၏။
- တောလည်ရာကျမ်း 32:5ခရစ်တော် မပေါ်မီ 1452 ခန့်
သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
- တောလည်ရာကျမ်း 32:6ခရစ်တော် မပေါ်မီ 1452 ခန့်
မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော။
- တောလည်ရာကျမ်း 32:7ခရစ်တော် မပေါ်မီ 1452 ခန့်
ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း။
- တောလည်ရာကျမ်း 32:8ခရစ်တော် မပေါ်မီ 1452 ခန့်
ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
- တောလည်ရာကျမ်း 32:9ခရစ်တော် မပေါ်မီ 1452 ခန့်
ဧရှကောလချောင်းသို့ သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။
- တောလည်ရာကျမ်း 32:10ခရစ်တော် မပေါ်မီ 1452 ခန့်
ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
- တောလည်ရာကျမ်း 32:11ခရစ်တော် မပေါ်မီ 1452 ခန့်
ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။