အကြောင်းအရာသို့ ကျော်သွားရန်

circa 970–930 BC

Solomon & The Temple

Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.

635 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 4:15ခရစ်တော် မပေါ်မီ 1011 ခန့်

    ရေကန်တကန်၊ ရေကန်ကိုထောက်သော နွား တဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အမဲချိတ်များတည်း။

  2. ရာဇဝင်ချုပ်ဒုတိယစောင် 4:16ခရစ်တော် မပေါ်မီ 1011 ခန့်

    ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင် တောက်သော ကြေးဝါဖြင့် ပြီးကြ၏။

  3. ရာဇဝင်ချုပ်ဒုတိယစောင် 4:17ခရစ်တော် မပေါ်မီ 1011 ခန့်

    ယော်ဒန်ချိုင့်၊ သုကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ၌ ရှင်ဘုရင်သွန်းလေ ၏။

  4. ရာဇဝင်ချုပ်ဒုတိယစောင် 4:18ခရစ်တော် မပေါ်မီ 1011 ခန့်

    ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာ လုပ်သောကြောင့်၊ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။

  5. ရာဇဝင်ချုပ်ဒုတိယစောင် 4:19ခရစ်တော် မပေါ်မီ 1011 ခန့်

    ရှောလမုန်သည်လည်း၊ ဘုရားသခင်၏ အိမ် တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာစားပွဲ၊

  6. ရာဇဝင်ချုပ်ဒုတိယစောင် 4:20ခရစ်တော် မပေါ်မီ 1011 ခန့်

    တရားတော်အတိုင်း ဗျာဒိတ်ဌာနတော်ရှေ့မှာ ထွန်းစရာ ဘို့ ရွှေစင်မီးခုံနှင့် မီးခွက်များ၊

  7. ရာဇဝင်ချုပ်ဒုတိယစောင် 4:21ခရစ်တော် မပေါ်မီ 1011 ခန့်

    ရွှေစင်ဖြင့်ပြီးသောပန်းပွင့်၊ မီးခွက်၊ မီးကိုင် တန်ဆာများ၊

  8. ရာဇဝင်ချုပ်ဒုတိယစောင် 4:22ခရစ်တော် မပေါ်မီ 1011 ခန့်

    ရွှေစင် ဖြင့်ပြီးသောမီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်း ခန်းတံခါးရွက်နှင့် ဗိမာန်တော် ပြင်ခန်းတံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ၏။

  9. ရာဇဝင်ချုပ်ဒုတိယစောင် 5:1ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုသို့ရှောလမုန်သည် ထာဝရဘုရား၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက် စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာ များတို့ဆောင်ခဲ့၍ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာစုထဲ မှာသွင်းထားလေ၏။

  10. ရာဇဝင်ချုပ်ဒုတိယစောင် 5:2ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုအခါထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ၊ ရှောလမုန်သည်။ ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊

  11. ရာဇဝင်ချုပ်ဒုတိယစောင် 5:3ခရစ်တော် မပေါ်မီ 1004 ခန့်

    ဣသရေလလူအပေါင်းတို့သည်၊ သတ္တမလ၌ လုပ်သော ပွဲအတွင်းတွင်၊ ရှင်ဘုရင်ထံတော်သို့ စုဝေး ရောက်လာကြ၏။

  12. ရာဇဝင်ချုပ်ဒုတိယစောင် 5:4ခရစ်တော် မပေါ်မီ 1004 ခန့်

    ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ သည် လာ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊

  13. ရာဇဝင်ချုပ်ဒုတိယစောင် 5:5ခရစ်တော် မပေါ်မီ 1004 ခန့်

    ပရိသတ်စည်းဝေးရာတဲတော်၊ တဲတော်နှင့် ဆိုင် ၍၊ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ် များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။

  14. ရာဇဝင်ချုပ်ဒုတိယစောင် 5:6ခရစ်တော် မပေါ်မီ 1004 ခန့်

    ရှောလမုန်မင်းကြီးမှစ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 5:7ခရစ်တော် မပေါ်မီ 1004 ခန့်

    ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။

  16. ရာဇဝင်ချုပ်ဒုတိယစောင် 5:8ခရစ်တော် မပေါ်မီ 1004 ခန့်

    ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော် နေရာအပေါ်မှာ ဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 5:9ခရစ်တော် မပေါ်မီ 1004 ခန့်

    ထမ်းဘိုးတို့ကို ဆွဲထားသဖြင့်၊ ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာန တော်၌သာ ထင်၍ယနေ့တိုင်အောင် ရှိကြ၏။

  18. ရာဇဝင်ချုပ်ဒုတိယစောင် 5:10ခရစ်တော် မပေါ်မီ 1004 ခန့်

    ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရဂပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါးသေတ္တာတော်ထဲ၌ အဘယ်အရာမရှိ။

  19. ရာဇဝင်ချုပ်ဒုတိယစောင် 5:11ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့်၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊

  20. ရာဇဝင်ချုပ်ဒုတိယစောင် 5:12ခရစ်တော် မပေါ်မီ 1004 ခန့်

    သီချင်းဆိုသော လေဝိသားအာသပ်တပည့်၊ ဟေမန်တပည့်၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင်၍၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ ဘက်၌ ရပ်နေကြ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တရာနှစ်ဆယ်တို့သည်လည်း၊

  21. ရာဇဝင်ချုပ်ဒုတိယစောင် 5:13ခရစ်တော် မပေါ်မီ 1004 ခန့်

    သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။

  22. ရာဇဝင်ချုပ်ဒုတိယစောင် 5:14ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုသို့ဘုရားသခင်၏ အိမ်တော်သည် ထာဝရ ဘုရား၏ ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော် ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်လျက်ရပ်၍ မနေနိုင်ကြ။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 6:1ခရစ်တော် မပေါ်မီ 1004 ခန့်

    ရှောလမုန်ကလည်း၊ ထာဝရဘုရားသည်၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကား တော်ရှိ၏။

  24. ရာဇဝင်ချုပ်ဒုတိယစောင် 6:2ခရစ်တော် မပေါ်မီ 1004 ခန့်

    သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည် ဆောက်ပါပြီဟု မြွက်ဆို၏။

  25. ရာဇဝင်ချုပ်ဒုတိယစောင် 6:3ခရစ်တော် မပေါ်မီ 1004 ခန့်

    တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တတ် နေကြ၏။