အကြောင်းအရာသို့ ကျော်သွားရန်

circa 970–930 BC

Solomon & The Temple

Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.

635 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 6:29ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့ သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊

  2. ရာဇဝင်ချုပ်ဒုတိယစောင် 6:30ခရစ်တော် မပေါ်မီ 1004 ခန့်

    ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌၊ နား ထောင်တော်မူပါ။

  3. ရာဇဝင်ချုပ်ဒုတိယစောင် 6:31ခရစ်တော် မပေါ်မီ 1004 ခန့်

    ဘိုးဘေးတို့အားပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော် ကို ကြောက်ရွံ့၍၊ တရားတော်လမ်းသို့ လိုက်ပါမည် အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်း တို့၏စိတ်နှလုံးသဘောကို သိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော် မူပါ။

  4. ရာဇဝင်ချုပ်ဒုတိယစောင် 6:32ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော်၏လူဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့ သည်ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက် သဖြင့်၊ ဝေးသောပြည်မှ ရောက်လာ၍ ဤအိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင်၊

  5. ရာဇဝင်ချုပ်ဒုတိယစောင် 6:33ခရစ်တော် မပေါ်မီ 1004 ခန့်

    ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏ လူဣသရေလ အမျိုးသားတို့သည်ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှ အတိုင်း ကျေးဇူးပြုတော်မူပါ။

  6. ရာဇဝင်ချုပ်ဒုတိယစောင် 6:34ခရစ်တော် မပေါ်မီ 1004 ခန့်

    ကိုယ်တော် စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ် တော်၏လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည် ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင်၊

  7. ရာဇဝင်ချုပ်ဒုတိယစောင် 6:35ခရစ်တော် မပေါ်မီ 1004 ခန့်

    သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့် တော်မူပါ။

  8. ရာဇဝင်ချုပ်ဒုတိယစောင် 6:36ခရစ်တော် မပေါ်မီ 1004 ခန့်

    မပြစ်မှားတတ်သော သူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီး သောပြည်၊ အခြားတပါးသော ပြည်သို့သိမ်းသွားလျှင် ၎င်း၊

  9. ရာဇဝင်ချုပ်ဒုတိယစောင် 6:37ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုပြည်၌အချုပ်ခံစဉ်၊သူတို့သည် သတိရ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊

  10. ရာဇဝင်ချုပ်ဒုတိယစောင် 6:38ခရစ်တော် မပေါ်မီ 1004 ခန့်

    သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့အထံတော်သို့ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၎င်း၊

  11. ရာဇဝင်ချုပ်ဒုတိယစောင် 6:39ခရစ်တော် မပေါ်မီ 1004 ခန့်

    သူတို့ဆုတောင်း ပဌနာပြုသောစကားကို ကျိန်း ဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။

  12. ရာဇဝင်ချုပ်ဒုတိယစောင် 6:40ခရစ်တော် မပေါ်မီ 1004 ခန့်

    အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ။

  13. ရာဇဝင်ချုပ်ဒုတိယစောင် 6:41ခရစ်တော် မပေါ်မီ 1004 ခန့်

    အိုထာဝရအရှင် ဘုရားသခင်၊ ကျိန်းဝပ်တော်မူ ရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တတ်တော်မူပါ။ အိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော၊

  14. ရာဇဝင်ချုပ်ဒုတိယစောင် 6:42ခရစ်တော် မပေါ်မီ 1004 ခန့်

    အိုထာဝရ အရှင်ဘုရားသခင်၊ ဘိသိက်ပေး တော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ်ခံရသော ကျေးဇူးတော်ကို အောက် မေ့တော်မူပါဟု ပဌနာပြုလေ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 7:1ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုသို့ ရှောလမုန်သည်ပဌနာပြု၍ ပြီးသော အခါ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့်၏။

  16. ရာဇဝင်ချုပ်ဒုတိယစောင် 7:2ခရစ်တော် မပေါ်မီ 1004 ခန့်

    ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 7:3ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏။

  18. ရာဇဝင်ချုပ်ဒုတိယစောင် 7:4ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော် ကြ၏။

  19. ရာဇဝင်ချုပ်ဒုတိယစောင် 7:5ခရစ်တော် မပေါ်မီ 1004 ခန့်

    နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။

  20. ရာဇဝင်ချုပ်ဒုတိယစောင် 7:6ခရစ်တော် မပေါ်မီ 1004 ခန့်

    ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။

  21. ရာဇဝင်ချုပ်ဒုတိယစောင် 7:7ခရစ်တော် မပေါ်မီ 1004 ခန့်

    ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။

  22. ရာဇဝင်ချုပ်ဒုတိယစောင် 7:8ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုအခါရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှ စ၍အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက် ပတ်လုံး ပွဲခံတော်မူ၏။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 7:9ခရစ်တော် မပေါ်မီ 1004 ခန့်

    အဋ္ဌမ နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ၏။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကိုအနုမောဒနာပြုပြီးမှ၊ နောက်တဖန်ခုနစ်ရက်ပတ်လုံး ပွဲခံကြ၏။

  24. ရာဇဝင်ချုပ်ဒုတိယစောင် 7:10ခရစ်တော် မပေါ်မီ 1004 ခန့်

    ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှ စသော မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှ သော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမလ နှစ်ဆယ်သုံးရက်နေ့တွင် လွှတ် လိုက်တော်မူ၏။

  25. ရာဇဝင်ချုပ်ဒုတိယစောင် 7:11ခရစ်တော် မပေါ်မီ 1004 ခန့်

    ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊