အကြောင်းအရာသို့ ကျော်သွားရန်

circa 970–930 BC

Solomon & The Temple

Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.

635 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ဒုတိယစောင် 7:12ခရစ်တော် မပေါ်မီ 1004 ခန့်

    ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက်၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ။

  2. ရာဇဝင်ချုပ်ဒုတိယစောင် 7:13ခရစ်တော် မပေါ်မီ 1004 ခန့်

    မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော်၎င်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော်၎င်း၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော်၎င်း၊

  3. ရာဇဝင်ချုပ်ဒုတိယစောင် 7:14ခရစ်တော် မပေါ်မီ 1004 ခန့်

    ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။

  4. ရာဇဝင်ချုပ်ဒုတိယစောင် 7:15ခရစ်တော် မပေါ်မီ 1004 ခန့်

    ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်း သော စကားကို ငါနားထောင်မည်။

  5. ရာဇဝင်ချုပ်ဒုတိယစောင် 7:16ခရစ်တော် မပေါ်မီ 1004 ခန့်

    ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။

  6. ရာဇဝင်ချုပ်ဒုတိယစောင် 7:17ခရစ်တော် မပေါ်မီ 1004 ခန့်

    သင်သည် ငါမှာထားသမျှကို ပြု၍ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်အဘဒါဝိဒ် ကဲ့သို့ ငါ့ရှေ့မှာ ကျင့်နေလျှင်၊

  7. ရာဇဝင်ချုပ်ဒုတိယစောင် 7:18ခရစ်တော် မပေါ်မီ 1004 ခန့်

    ဣသရေလနိုင်ငံကို အုပ်စိုးရသောသင်၏အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည် အတိုင်း၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည် စေမည်။

  8. ရာဇဝင်ချုပ်ဒုတိယစောင် 7:19ခရစ်တော် မပေါ်မီ 1004 ခန့်

    သို့မဟုတ်သင်တို့သည် လမ်းလွဲ၍ ငါမှာထား သော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြား တပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျင်၊

  9. ရာဇဝင်ချုပ်ဒုတိယစောင် 7:20ခရစ်တော် မပေါ်မီ 1004 ခန့်

    ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။

  10. ရာဇဝင်ချုပ်ဒုတိယစောင် 7:21ခရစ်တော် မပေါ်မီ 1004 ခန့်

    အရပ်မြင့်သော ဤအိမ်တော်ကိုလည်းလမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တယောက်မေးမြန်းသော်၊

  11. ရာဇဝင်ချုပ်ဒုတိယစောင် 7:22ခရစ်တော် မပေါ်မီ 1004 ခန့်

    တယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောဘုရားသခင်ထာဝရဘုရားကို သူတို့သည် စွန့်၍ အခြားတပါးသော ဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။

  12. ရာဇဝင်ချုပ်ဒုတိယစောင် 8:1ခရစ်တော် မပေါ်မီ 1004 ခန့်

    ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊

  13. ရာဇဝင်ချုပ်ဒုတိယစောင် 8:2ခရစ်တော် မပေါ်မီ 1004 ခန့်

    ဟိရံမင်းပြန်ပေးသော မြို့တို့ကို ရှောလမုန် ပြုပြင်၍ ဣသရေလအမျိုးသားတို့ကို နေစေ၏။

  14. ရာဇဝင်ချုပ်ဒုတိယစောင် 8:3ခရစ်တော် မပေါ်မီ 1004 ခန့်

    တဖန် ဟာမတ်ဇောဘမြို့သို့ ချီသွား၍ နိုင်လေ ၏။

  15. ရာဇဝင်ချုပ်ဒုတိယစောင် 8:4ခရစ်တော် မပေါ်မီ 1004 ခန့်

    ပြည်ထဲမှာ တာဒမော်မြို့၊ ဟာမတ်ပြည်၌ ရှိသမျှသော ဘဏ္ဍာတော်မြို့၊

  16. ရာဇဝင်ချုပ်ဒုတိယစောင် 8:5ခရစ်တော် မပေါ်မီ 1004 ခန့်

    မြို့ရိုး၊ တံခါး၊ ကန့်လန့်ကျင်နှင့်ခိုင်ခံ့သော အထက်ဗေသော ရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကို လည်း တည်လေ၏။

  17. ရာဇဝင်ချုပ်ဒုတိယစောင် 8:6ခရစ်တော် မပေါ်မီ 1004 ခန့်

    ဗာလတ်မြို့နှင့် ဘဏ္ဍာတော်မြို့များ၊ ရထား တော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။

  18. ရာဇဝင်ချုပ်ဒုတိယစောင် 8:7ခရစ်တော် မပေါ်မီ 1004 ခန့်

    ဣသရေလအမျိုးသားမဖျက်ဆီးသောကြောင့်၊

  19. ရာဇဝင်ချုပ်ဒုတိယစောင် 8:8ခရစ်တော် မပေါ်မီ 1004 ခန့်

    ပြည်တော်၌ ကျန်ကြွင်းသော တပါးအမျိုးသား ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ် မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင် အောင် အခွန်ပေးစေ၏။

  20. ရာဇဝင်ချုပ်ဒုတိယစောင် 8:9ခရစ်တော် မပေါ်မီ 1004 ခန့်

    ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန် သည် အမှုတော်ထမ်းကျွန်မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော် မူ၏။

  21. ရာဇဝင်ချုပ်ဒုတိယစောင် 8:10ခရစ်တော် မပေါ်မီ 1004 ခန့်

    အမှုတော်ထမ်းများကို အုပ်သောသူ၊ ရှောလမုန် မင်း ခန့်ထားသော မှူးမတ်ကြီးနှစ်ရာငါးဆယ်ရှိကြ၏။

  22. ရာဇဝင်ချုပ်ဒုတိယစောင် 8:11ခရစ်တော် မပေါ်မီ 1004 ခန့်

    ဖာရောဘုရင်၏ သမီးတော်ကို၊ ရှောလမုန် သည် ဒါဝိဒ်မြို့မှ ခေါ်၍ သူ့အဘို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့၏။ အကြောင်းမူကား၊ ထာဝရ ဘုရား၏ သေတ္တာတော်ရောက်လာသော အရပ်သည် သန့်ရှင်းသောကြောင့်၊ ငါ့မယားသည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ်အိမ်တော်၌ မနေသင့်ဟု သဘောရှိ၏။

  23. ရာဇဝင်ချုပ်ဒုတိယစောင် 8:12ခရစ်တော် မပေါ်မီ 1004 ခန့်

    ဗိမာန်တော် ဦးရှေ့မှာတည်သော ထာဝရ ဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ၊ ရှောလမုန်သည် မောရှေ၏ ပညတ်တရားနှင့်အညီ၊ နေ့တိုင်းမည်မျှပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ ၏။

  24. ရာဇဝင်ချုပ်ဒုတိယစောင် 8:13ခရစ်တော် မပေါ်မီ 1004 ခန့်

    ထိုမှတပါး ဥပုသ်နေ့နှင့် လဆန်းနေ့၌၎င်း၊ အဇုမပွဲ၊ ခုနစ်သိတင်းပွဲ၊ သကေနေပွဲတည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံးပွဲခံသော နေ့၌၎င်း ယဇ်ပူဇော် လေ့ရှိ၏။

  25. ရာဇဝင်ချုပ်ဒုတိယစောင် 8:14ခရစ်တော် မပေါ်မီ 1004 ခန့်

    ခမည်းတော် ဒါဝိဒ်စီရင်သည်အတိုင်း၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကို၎င်း၊ လေဝိသားတို့သည် နေ့ရက် အစဉ်ဝတ်ပြု သင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထော မနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးစောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။