- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 970–930 BC
Solomon & The Temple
Solomon builds the great Temple in Jerusalem and rules with unprecedented wisdom and wealth before foreign gods divide his heart.
ဤကာလမှ အခန်းငယ်များ
- ရာဇဝင်ချုပ်ဒုတိယစောင် 3:7ခရစ်တော် မပေါ်မီ 1011 ခန့်
အိမ်တော်၏ထုပ်၊ လျောက်တိုင်၊ ထရုံ၊ တံခါး ရွက်တို့ကို ရွှေနှင့် မွမ်းမံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ် များကို ထုလေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:8ခရစ်တော် မပေါ်မီ 1011 ခန့်
အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက် ထောင်နှင့်မွမ်းမံလေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:9ခရစ်တော် မပေါ်မီ 1011 ခန့်
ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ၏။ အထက် ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:10ခရစ်တော် မပေါ်မီ 1011 ခန့်
အလွန်သန့်ရှင်းသော အခန်း၌ခေရုဗိမ်နှစ်ပါး ကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:11ခရစ်တော် မပေါ်မီ 1011 ခန့်
ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ် ရှည်၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:12ခရစ်တော် မပေါ်မီ 1011 ခန့်
အတောင်တဘက်လျှင် အလျားငါးတောင်စီ ရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တဘက်စီ အိမ်တော်ထရံကို မှီလျက် ရှိကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:13ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကို ဖြန့်သဖြင့် အတောင် နှစ်ဆယ်ကျယ်၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:14ခရစ်တော် မပေါ်မီ 1011 ခန့်
ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ် သော ကုလားတာကိုလည်း လုပ်လေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:15ခရစ်တော် မပေါ်မီ 1011 ခန့်
အရှည်သုံးဆယ်ငါးထောင်ရှိသော တိုင်နှစ်တိုင် ကိုလည်း လုပ်၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:16ခရစ်တော် မပေါ်မီ 1011 ခန့်
ဗျာဒိတ်ဌာနတော်၌ ရှိသကဲ့သို့ကြိုးများကိုလည်း လုပ်၍တိုင်ထိပ်အပေါ်မှာ ထား၏။ သလဲသီးအလုံးတရာ တို့ကိုလည်း လုပ်၍ကြိုးပေါ်မှာ ဆွဲထား၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 3:17ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ျာဘက် လက်ဝဲဘက်၌ စိုက်ထား၍၊ လက်ျာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:1ခရစ်တော် မပေါ်မီ 1011 ခန့်
အလျားအတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင် ကိုလည်း လုပ်လေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:2ခရစ်တော် မပေါ်မီ 1011 ခန့်
အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:3ခရစ်တော် မပေါ်မီ 1011 ခန့်
ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီး ရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:4ခရစ်တော် မပေါ်မီ 1011 ခန့်
နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:5ခရစ်တော် မပေါ်မီ 1011 ခန့်
ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ၏။ ရေဗတ်သုံးထောင်ဝင်နိုင်၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:6ခရစ်တော် မပေါ်မီ 1011 ခန့်
မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ်၍၊ လက်ျာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:7ခရစ်တော် မပေါ်မီ 1011 ခန့်
ရွှေမီးခုံဆယ်ခုကိုလည်းအရင်ပုံနှင့် အညီလုပ်၍ ဗိမာန်တော်အတွင်း လက်ျာဘက်၌ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:8ခရစ်တော် မပေါ်မီ 1011 ခန့်
စားပွဲဆယ်ခုကိုလည်း လုပ်၍ ဗိမာန်တော် အတွင်း လက်ျာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ ရွှေဖလားတရာကိုလည်း လုပ်လေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:9ခရစ်တော် မပေါ်မီ 1011 ခန့်
ယဇ်ပုရောဟိတ်တန်တိုင်း၊ ပြင်တန်တိုင်းကြီး၊ တန်တိုင်းတံခါးရွက်များကိုလည်း လုပ်၍တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:10ခရစ်တော် မပေါ်မီ 1011 ခန့်
ရေကန်ကိုလည်း အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။
- ရာဇဝင်ချုပ်ဒုတိယစောင် 4:11ခရစ်တော် မပေါ်မီ 1011 ခန့်
ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဘို့ ဘုရား သခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူ ကား၊
- ရာဇဝင်ချုပ်ဒုတိယစောင် 4:12ခရစ်တော် မပေါ်မီ 1011 ခန့်
တိုင်နှစ်တိုင်၊ တိုင်ထိပ်နှင့်တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊
- ရာဇဝင်ချုပ်ဒုတိယစောင် 4:13ခရစ်တော် မပေါ်မီ 1011 ခန့်
ထိုကွန်ရွက်အပေါ်မှာ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊
- ရာဇဝင်ချုပ်ဒုတိယစောင် 4:14ခရစ်တော် မပေါ်မီ 1011 ခန့်
ခုံများ၊ ခုံပေါ်မှာတင်ထားသောအင်တုံများ၊